မြန်မာ့ဝါးကို ပြည်ပနိုင်ငံများကိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

21/10/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာ့ဝါးကို ပြည်ပနိုင်ငံများရဲ့စျေးကွက်များကို တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။

   မြန်မာ့ဝါးကို အခြားပြည်ပစျေးကွက်နိုင်ငံများကို တင်ပို့နိုင်ရန်အတွက် ဧကများတိုးချဲ့စိုက်ပျိုးကာ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဌ ဦးဝင်းကျော်ဦးက ပြောပါတယ်။ 

   “ဝါးကို ပြည်ပနိုင်ငံတွေက လာရောက်ဝယ်ယူတာရှိပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ ရောင်းလိုအားက သူတို့မှာတဲ့တန်ချိန်လောက် မရနိုင်ဘူး။ အဲတော့ ကိုယ့်တွေက သူတို့မှာတဲ့တန်ချိန်အတွက် ဧကများများစိုက်ထုတ်ပေးဖို့ လိုတယ်”

   မြန်မာ့ဝါးကို ပြည်ပနိုင်ငံများရဲ့စျေးကွက်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ပါ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

   ယခုလအတွင်း မြန်မာ့ဝါးကို ပြည်ပနိုင်ငံများမှဝယ်ယူရန် လာရောက်ဆွေးနွေး ညှိနှိုင်းမှုများရှိနေကြောင်းလည်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်