မြန်မာ့လက်ဖက်ခြောက်တစ်တန် တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေ

11/06/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်နိုင်ငံကို မြန်မာ့လက်ဖက်ခြောက် တစ်တန် တင်ပို့သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

မြန်မာ့လက်ဖက်ခြောက်တစ်တန်ကို လာမယ့် သြဂုတ်လဝန်းကျင်မှာ တင်ပို့သွားရန် အခုလက်ရှိစီစဉ် ဆောင်ရွက်နေတယ်လို့ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့် ကပြောပါတယ်။

“ အခုလက်ရှိ တရုတ်နိုင်ငံကို လက်ဖက်ခြောက်တင်ပို့နိုင်ဖို့အတွက် ၈လပိုင်းထဲမှာ တင်ပို့နိုင်ဖို့လုပ် ဆောင်နေပါတယ်။ ဒေသထွက်နေတဲ့ ပင်ကြီးလက်ဖက်ကို စုနေတယ်။ တရုတ်ကို သွားပြီးတွေ့မယ်။ ပြီးရင် တင်ပို့ရောင်းချမယ်”

တရုတ်နိုင်ငံကို မြန်မာ့လက်ဖက်များ အရည်အသွေးအလိုက် တင်ပို့ရောင်းချနိုင်ရန်အတွက် ဈေးနှုန်းများ သတ်မှတ်ပေးသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လက်ဖက်စိုက်ဧက စုစုပေါင်း ၂၂၀၀၀ ကျော်သာရှိကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်