လာမယ့်နှစ်မှာ မြန်မာ့ငရုတ်သီး ပြည်ပနိုင်ငံစျေးကွက်များသို့ တင်ပို့ပေးသွားမည်

19/11/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ငရုတ်သီးကို လာမယ့်နှစ်အတွင်းမှာ ပြည်ပနိုင်ငံစျေးကွက်များကို တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာ့ ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

လာမယ့်နှစ်ရဲ့ လဆန်းပိုင်းလောက်မှာ တင်ပို့နိုင်ဖို့အတွက် ငရုတ်သီးထွက်ရှိရာဒေသများမှာ လိုက်လံ ဝယ်ယူသွားရန် စီစဉ်နေတာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။

အခုတစ်လပိုင်း နှစ်လပိုင်းလောက်မှာ တင်ပို့နိုင်ဖို့အတွက် လိုက်လံဝယ်ယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ တန်ချိန်တွေကတော့ အတိအကျတော့ပြောလို့မရသေးဘူး။ ငရုတ်သီးထွက်ရှိတာနဲ့တင် ပို့သွားမှာပါ

မြန်မာ့ငရုတ်အမျိုးအစားဖြစ်တဲ့ ၇၇၇ ၊ ဆန်းရှိုင်း ၊ စတားဟော့အမျိုးအစားများကို တင်ပို့သွားမှာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီး ၊  ကျောက်ဆည်နဲ့ အထက်ပိုင်းဒေသများမှာအများဆုံး စိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်