မြန်မာ့သရက်ဂျပန်ကို တင်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေ

12/05/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့စိန်တလုံးသရက်ကို ဂျပန်ဈေးကွက်ကို တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း NT Star Group ကုမ္ပဏီမှ သိရပါတယ်။

မြန့်မာသရက်တွေထဲကမှ စိန်တလုံးသရက်ကို ဂျပန်ဈေးကွက်ကို တင်ပို့နိုင်ရေးအတွက်ဆွေးနွေးညှိနှိုင်းကာ တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NTStar Group ကုမ္ပဏီမှ ဒါရိုက်တာဒေါ်ဥမ္မာကျော်က ပြောပါတယ်။

စိန်တလုံးသရက်ကို ဒီလထဲမှာဆို စင်ကာပူကို တင်ပို့နေတာပါ။ နောက်ထပ် ဂျပန်ဈေးကွက်တင်ပို့နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေပါတယ်

အရည်အသွေးကောင်းတဲ့ စိန်တစ်လုံးသရက်သီးများကို တရုတ်၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ကို တင်ပို့နေတာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့စိန်တလုံးသရက်သီးကို သရက်စိုက်တောင်သူများထံမှ မူဆယ်ပေါက်ဈေးနှုန်းအတိုင်းပေးကာ ဝယ်ယူသွားမှာဖြစ်ကြောင်းလည်း NTStar Group ကုမ္ပဏီမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်