လာမည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်ငွေ ကန်ဒေါ်လာ သန်း ၃၀ ရရှိအောင် ဆောင်ရွက်မည်

07/01/2020 14:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ သိန်း တင်ပို့ရန် လျာထားပြီး ပို့ကုန်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် (MAPCO) မှ သိရသည်။ 

MAPCO အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရောင်ချခြင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး‌ ‌ငွေလဲနှုန်းအခြေအနေနှင့် ပြည်ပဈေးကွက် ဝယ်လိုအား‌ ကောင်းမွန်မှုတို့ကြောင့် ပြည်ပဆန်တင်ပို့မှုမှာ အကျိုးအမြတ်ရှိသော လုပ်ငန်းဖြစ်သဖြင့် ၂၀၁၉ နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်ပဆန်တင်ပို့ရောင်းချခြင်းကို ပိုမိုဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

"၂၀၁၉ မီနီဘတ်ဂျက် ၆ လ ကာလအတွင်းမှာ ပို့ကုန်ငွေ ကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ရရှိပါတယ်။ ကျွန်တော်တို့ အခုနှစ်မှာတော့ ကန်ဒေါ် လာ ဘီလီယံ ၃၀ အထိ ရအောင် ဆောင်ရွက်မယ်လို့ ရည်မှန်းချက်ထားပါတယ်။ တရုတ်နိုင်ငံ ကုမ္ပဏီနဲ့ လက်တွဲဆောင်ရွက်ဖို့ စာချုပ်လည်း ချုပ်ဆိုပြီး ဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက်၏ ဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။ 

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် (MAPCO) မှ ဆန်စပါးအပြင် အခြားလယ်ယာသီးနှံများကိုလည်း ပြည်ပတင်ပို့ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

MAPCO မှ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသော နေပြည်တော်ဆန်စက်၊ ကျိုက်လက် ဆန်စက်တို့အပြင် တည်ဆောက်ဆဲဖြစ်သော တွံတေးဆန်စက်၊ လှိုင်သာယာဆန်စက်တို့မှလည်း ဆန်တင်ပို့မှုကို အထောက်အကူဖြစ်နိုင်သောကြောင့် ယင်းဆန်စက်တို့ကို ဗဟိုပြု၍ ပြည်ပဆန်တင်ပို့မှုလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တို့တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

MOPCA မှ ပြည်ပဆန်တင်ပို့ရောင်းချရာတွင် အာဖရိကနှင့် တရုတ်နိုင်ငံကို တင်ပို့လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃၀၀၀၀ ကျော်၊ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ သန်းရရှိခဲ့ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်