အပင်မျိုးသစ်များကို မှတ်ပုံတင်နိုင်ရန်စီစဉ်လုပ်ဆောင်နေ

01/10/2019 13:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အပင်မျိုးသစ်အကာအကွယ်ပေးရေးအတွက် လျှောက်ထားတဲ့မျိုးသစ်များကို အတည်ပြုမှတ်ပုံတင်နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

   အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေထွက်ရှိလာတဲ့အတွက် မျိုးသစ်(၁၇)မျိုးကို အတည်ပြု မှတ်ပုံတင်ပေးနိုင်ရန် စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။

   “မှတ်ပုံတင်တဲ့လူတွေကို မှတ်ပုံတင်ပေးဖို့လုပ်ရမှာပေါ့။ နည်းပညာတွေ၊ ဆပ်ကော်မတီတွေဖွဲ့မယ်။ ကော်မတီကနေပြီးတော့ အတည်ပြုပေးရမယ်။ လက်မှတ်ထုတ်ပေးရမယ်။ စစ်ဆေးမယ့်နည်းလမ်းတွေ၊ သင်တန်းတွေပေးမယ်။ စစ်ဆေးဖို့ခြံတွေလည်း နေရာတွေသတ်မှတ်ပြီးလုပ်မယ်”

   အပင်မျိုးသစ်များကို အကာအကွယ်ပေးရေးအတွက် လုပ်ငန်းစဉ်များကို ညှိနှိုင်းကာဆွေးနွေး လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။

   အပင်မျိုးသစ်များကို အကာအကွယ်ပေးနိုင်ရေးအတွက် ဥပဒေကို စက်တင်ဘာလ(၂၄)ရက်နေ့က အတည်ပြုပြဌာန်းလိုက်တာဖြစ်ကြောင်း သိရပါတယ်။

   မျိုးသစ်အတွက် လျှောက်ထားတဲ့သီးနှံများမှာ မတ်ပဲသီးနှံ၊ ထောပတ်သီးသီးနှံ၊ စပါးသီးနှံ၊ ပြောင်းသီးနှံနဲ့ Asparagus –Bean တို့ဖြစ်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်