အိမ်တွင်းခေါင်းလျှော်ရည် ပြုလုပ်နည်း

26/12/2017 16:16 PM တွင် မိုးပန်းဖြူ မိုးပန်းဖြူ မှ ရေးသား

စာရေးသူ လက်တွေ့ ပြုလုပ်အသုံးပြုသောခေါင်းလျှော်ရည် ပြုလုပ်နည်း ဖြစ်ပါတယ်။ လက်တွေ့အားဖြင့်လည်း ဘယဆေးပင်များ၏ အကျိုးကျေးဇူးများခြင်းကို ခံစား သိရှိရပြီး ဖြစ်သောကြောင့် စာဖတ်သူများလည်း လိုက်လံ ပြုလုပ်ပြီးနောက် အကျိုးများစေရန် မျှဝေလိုက်ပါတယ်။

(၁) ပါဝင်ပစ္စည်းများ

ကန်စွန်းရိုးနီ၊ ပိတောက်ရွက်၊ ကြိတ်မှန်ရွက်၊ ထောလပတ်ရွက်၊ ရှောက်သီး(သို့)သံပုရာသီး၊ ကင်ပွန်းသီး၊ လက်ဖက်အစို၊ တမာရွက် (မိမိ နှစ်သက်ရာ အသီး၊ အရွက်ကို အလိုရှိသလောက် ထည့်သုံးနိုင်ပါတယ်)

ပျားရည် - ဝ.၅ကီလိုဂရမ်

သံလွင်ဆီ(သို့မဟုတ် ) အုန်းဆီ- ဝ.၅ကီလိုဂရမ်

ပျော့ဆေး- ဝ.၅ကီလိုဂရမ်

ပုလဲ - ဝ.၅ကီလိုဂရမ်

ဆား(Sodium EDTA)အမှုန့် - ဝ.၅ကီလိုဂရမ်

SLES or N 70 (Sodium laureate sulfate) ပျစ်ဆေး အဆီ/အနှစ်   ၁ကီလိုဂရမ်

သန့်ရှင်းသောရေ - ၁၀လီတာ(ရေသန့်ဘူးကြီး၁၀ဘူး)

အနံ - မိမိနှစ်သက်သော အနံ့တစ်မျိုးမျိုး

(၂) လိုအပ်သော ကိရိယာ

၁။ သန့်ရှင်းသောရေ .................  ၁၀လီတာ (၁ လီတာ- ၁၀ဘူး)

၂။ ပုံး(သံ သို့မဟုတ် စတီးကို မသုံးသင့်ပါ) ............. ရေ ၁၀ လီတာ ဝင်ဆန့်သောပုံး

၃။ ယောင်းမကြီး(သို့) သန့်ရှင်းခိုင်ခန့်သော တုတ်ချောင်း မွှေရန်

၄။ မီးဖို.................အသီးအရွက်များအားပြုတ်ရန်

၅။ အိုး (ရေ၂လီတာဝင်ဆံ့အိုး)    

၆။ အသီးအရွက်များ ပြုတ်ရန် သန့်ရှင်းသော ရေစစ်(သို့) ပိတ်ပါးစ (ပြုတ်ပြီး အသီးအရွက်များအား စစ်ရန်)

(၃) ပြုလုပ်ပုံ အဆင့်ဆင့်

ပထမဦးစွာ သန့်ရှင်းသောရေ၂လီတာ (ရေသန့်ဘူးကြီး၂ဘူး)တွင် ကန်စွန်းရွက်၊ ပိတောက်ရွက်၊ ကြိတ်မှန်ရွက်၊ ထောလပတ်ရွက်၊ ရှောက်သီး(သို့) သံပုရာသီး၊ ကင်းမွန်သီး၊ လက်ဖက် အစို၊ တမာတို့အား ပြုတ်ပါ။ ထည့်၍ ပြုတ်ထားသော အသီးအရွက်များ နူးအိနေသည်အထိ ပြုတ်ပြီး အအေးခံပါ။

အအေးခံနေစဉ် သန့်ရှင်းသော ရေ ၈ လီတာ (ရေသန့်ဘူးကြီး ၈ဘူး)တွင် N70 ပျစ်ဆေး ၁ ကီလိုဂရမ်ကို ဖျော်ပါ။ မွှေဖျော်ရာတွင် အနှစ်များ အားလုံး ပျော်ဝင်အောင်မွှေပါ။ ထို့နောက် ဆားကို ထည့်မွှေပါ။ ဆားများအားလုံး ပျော်ဝင်ပြီးပါက အားလုံးကြေညက်ပျော်ဝင်သည်အထိမွှေပါ။ ပုလဲ၊ ပျော့ဆေး၊ ပျားရည်၊  သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ တို့ကို ထည့်မွှေပါ။

ထို့နောက် အအေးခံထားသော ပြုတ်ရည်များအား ထည့်မွှေပါ။ ပြုတ်ရည် စစ်ရာတွင် ရေစစ် (သို့မဟုတ်) ပိတ်ပါးစ အတွင်းသို့ ပြုတ်ထားသော အသီးအရွက်များကို ထည့်၍ ညှစ်ပါ။ ရေများ ကုန်စင်အောင် ညှစ်ပါ။ ပြီးလျှင် နှံစပ်အောင် မွှေပါ။ အနံ့ကို ထည့်မွှေပါ။ ထို့နောက် ၈နာရီကြာ ကြာပြီးလျှင် စတင် သုံးစွဲနိုင်ပါပြီ။

တကယ်လို့ အနံ့ထည့်ချင်တယ်ဆိုရင် မိမိ နှစ်သက်ရာကို ရွေးချယ် ဝယ်ယူ နိုင်ပါတယ်။

(စာရေးသူသည် မည်သည့် အနံ့မှ ထပ်၍ မထည့်တော့ပဲ သဘာ၀ အနံ့မွှေးမွှေးကလေးဖြင့်သာ သုံးစွဲပါသည်။)

(၄) ပါဝင် ပစ္စည်းများ၏ အကျိုး အာနိသင်

ကန်စွန်းရိုးနီ- ကန်စွန်းရိုးနီသည် ဆံနွယ်ကို ရှည်စေခြင်း။

ပိတောက်ရွက်- ဦးရေကိုအေးစေပြီး ဆံပင်ကျွတ်ခြင်းမှ ကင်းစေခြင်း။            

ကြိတ်မှန်ရွက်- ဆံပင်များ ကျွတ်ခြင်းမှ ကာကွယ်ပေးပြီး ဆံပင်များကို သန်စွမ်းစေပြီး အရှည်မြန်စေခြင်း

ထောလပတ်ရွက်- ဖြူနေသော ဆံပင်များကို ပြန်လည် နက်မှောင်စေပြီး ဘောက်များကို ကင်းစေခြင်း။  

ရှောက်သီး (သို့) သံပုရာသီး- ဘောက်များကို ကင်းရှင်းစေခြင်း။

ကင်းမွန်းသီး- ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးစေခြင်း။                                                                 

လက်ဖက်အစို- ဆံပင်များကို နက်မှောင် ထူထဲစေခြင်း။                                                                     

တမာ- ခေါင်းအတွင်းရှိဘောက်များ၊ သန်းများကို ရှင်းလင်းပေးပါသည်။ ဦးရေပြား မှိုဆွဲခြင်းမှ ကင်းဝေးစေခြင်း။

ပျားရည်- ဆံပင်များကိုရေစွတ်သကဲ့သို့တောက်ပြောင်စေခြင်း။                              

သံလွင်ဆီ(သို့မဟုတ်) အုန်းဆီ- ဆံပင်ကိုပျော့ပြောင်းစေခြင်း၊ ရှင်းလင်းရ လွယ်ကူစေခြင်း၊ တောက်ပြောင်စေခြင်း။

ဆား(Sodium EDTA)

 ဆံပင်မှာ ကပ်နေမယ့် ကလိုရင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကလိုရင်းကြောင့် ဆံပင်ကို ထိခိုက်ပျက်စီးမှုနဲ့ ကော့ပါးဆာလ်ဖိုက်နဲ့ပေါင်းပြီး ဆံပင်ကို တဖြည်းဖြည်း အစိမ်းရောင် သန်းစေနိုင်မှုတွေကို ကာကွယ်ပေးပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ တစ်သောင်း ဝန်းကျင်ခန့်(ရေသန့်ဘူး ၁ဝဘူးအတွက်) ဖြစ်ပါတယ်။

မှတ်ချက် မိမိနှစ်သက်ရာ အာနိသင်အား ပိုမို ထည့်သွင်း သုံးစွဲနိုင်ပါသည်။

 

မိုးပန်းဖြူ


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်