ကျွန်တေ်ာတို့ဟာ အံ့သြဖွယ်ကောင်းတဲ့၊ အလွယ်တကူ ပုံဖော် အသုံးပြုလို့ရတဲ့၊ အလွယ်တကူမပျက်စီးနိုင်တဲ့ ပစ္စည်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကို စွန့်ပစ်တဲ့အခါမှာ အလွယ်တကူပျောက်ပျက် မသွားပါဘူး။
ယခုအခါမှာ တစ်မိနစ်တိုင်း ကုန်တင်ကားတစ်စီးစာရှိတဲ့ ဒီပစ္စည်းတွေ ကျွန်တော်တို့ရဲ့ သမုဒ္ဒရာတွေထဲ ကျရောက်လို့နေပါတယ်။ ဒါတွေဟာ ပင်လယ်တွင်းက သက်ရှိတွေကိုသေစေနေပါတယ်။
ငါးတွေက အဲဒီအမှိုက်တွေကို စားကြပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့က အဲ့ဒီ ငါးတွေကို ပြန်စားကြပါတယ်။
ကျွန်တော်တို့ဟာ ကိုယ့်အမှိုက်ကို ပြန်စားနေကြတာပါပဲ။ ပြီးတော့ ဒါတွေဟာ ကျွန်တော်တို့ရဲ့သွေးကြောတွေထဲရောက်ရှိလို့နေကြပါပြီ။
ကျွန်တော်တို့အနေနဲ့ ပလပ်စတစ်တွေကိုရှောင်ရှားဖို့ လိုနေပါပြီ။ ဒါတွေကို သမုဒ္ဒရာထဲက ထုတ်ပစ်ပြီး ပြန်လည် သုံးစွဲဖို့ လိုလာပါပြီ။
စဉ်းစားကြည့်ပါ။
တကယ်လို့ ဒီအမှိုက် တချို့ကိုယူပြီး အားကစား ဖိနပ်တစ်ရံအဖြစ် ပြန်ထုတ်မယ်ဆိုရင် အဲဒီနောက် ပလပ်စတစ်ပုလင်းပေါင်း ၁၁သန်းကနေ ဖိနပ်အရံ တစ်သန်းထုတ်နိုင်မယ်ဆိုရင်………
တကယ်လို့ ဒါကို ကျွန်ုပ်တို့ စတင်လုပ်ဆောင်ရင် နောက်ပြီးလူတိုင်းကလုပ်ဆောင်ခဲ့မယ်ဆိုရင်.....
ဘာသာၿပန္- Aung Khine Soe
Source- www.adidas.com/us/purley
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ