အချိုမှုန့်/ ကြက်သားမှုန့်အစားထိုး ဟင်းခတ်မှုန့်လေးလုပ်ကြည့်ရအောင်

10/01/2018 12:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်ရော မစားချင်ပါဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ကျန်းမာ ရေးနဲ့လဲ ညီညွတ်မယ်၊ လုပ်ရတာလဲ လွယ်ကူတဲ့ ဟင်းခတ်မှုန့်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက
၁) ကန်စွန်းဥ ၅၀ သား
၂) ကြက်သွန်နီ ၂၀ သား
၃) ကြက်သွန်ဖြူ ၅ ကျပ်သား
၄) ဆား ထမင်းစားဇွန်း ၁ ဇွန်း
၅) သကြား ထမင်းစားဇွန်း ၃ ဇွန်း
၆) အုန်းထန်းလျက် ၅ လုံး
၇) ငြုပ်ကောင်း ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်းကတော့
၁) ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ခြစ်နှင့်ပါးပါးခြစ်ပြီး နေပူပူတွင်ခြောက်အောင်လှန်းပါ။

Glutamate

Glutamate

၂) ခြောက်သွားပြီဆိုရင်တော့ မီးအေးအေးလေးနဲ့ မွှေးပြီးကြွပ်ရွနေအောင်လှော်ပါ။

Glutamate

၃) ကန်စွန်းဥ ကြက်သွန်မွှေးနံ့လေးထွက်လာပြီဆိုရင် ဆား၊ သကြား၊ ငြုပ်ကောင်းထည့် ခဏမွှေပြီး အအေးခံပါ။

၄) ပြီးရင် ကြိတ်စက် (Blander) ထဲကို ထုချေထားတဲ့ ထျန်းလျက်ခဲရယ် လှော်ပြီးအအေးခံထားတဲ့ ကန်စွန်းဥ တွေရယ်ထည့်ပြီး ကြိတ်ပါ။

Glutamate

၅) ကြိတ်ပြီးရင်တော့ အအေးခံပြီး လေလုံဗူးထဲ ထည့်သိမ်းလို့ရပါပြီ။

Glutamate

ကဲ......ခုဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သက်သက်လွတ် ကန်စွန်းဥဟင်းခတ်မှုန့် ပြုလုပ်နည်းလေးအ တိုင်း ပြုလုပ်စားသုံးပြီး ကျန်းမာ ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။

Source – Shyun Lae Yi Hlaing ၏ Facebook စာမျက်နှာမှ ဓာတ်ပုံနှင့်စာများကို ပြန်လည်ကိုးကားဖော်ပြထားပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်