“ဒန့်ဒလွန်နှင့်ရဲယို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ ဖွဲ့စည်းသွားမည်”

06/03/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒန့်ဒလွန်နှင့်ရဲယို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

ဒန့်ဒလွန်ပင်နှင့် ရဲယိုပင်တို့မှ စိုက်ပျိုးထုတ်ကုန် အမျိုးမျိုးကို စီးပွားဖြစ်ရောင်းဝယ်မှုများ ပြုလုပ်လာကြသဖြင့် ဒန့်ဒလွန်နှင့် ရဲယို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ကို ယခုကဲ့သို့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

“ရဲယိုအခြောက်တွေကို ကိုရီးယားကို ပို့တာမျိုးတွေ ရှိလာတယ်။ အဲ့ဒီလိုပဲ ဒန့်ဒလွန်သီးကလည်း ဆေး ဖက်ဝင်ပြီးတော့ စိုက်ပျိုးရလည်း လွယ်တယ်။ ဒန့်ဒလွန်သီးရဲ့ လိုအပ်ချက်ကလည်း နိုင်ငံခြားကလည်း ဝယ်ချင်ကြတယ်လေ။ ဒီနှစ်ခုက စီးပွားလည်းဖြစ်တယ်။ မြန်မာပြည်ရဲ့လိုအပ်ချက်ကလည်း ရှိနေတယ်။ အဲ့ဒါကြောင့်ဖွဲ့စည်းလိုက်တာပေါ့” ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၄) လွှာ၌ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပြီး၊ ဒန့်ဒလွန်ပင်နှင့် ရဲယိုပင် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် ပညာရှင်များ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ကျော်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်