လွယ်ကူရိုးရှင်းတဲ့ ခရမ်းချဉ်သီးယိုထိုးနည်း

16/01/2020 15:00 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပါဝင်ပစ္စည်းများ 

ရင့်မှည့်နေသော ခရမ်းချဉ်သီး                 ၇၀၀ ဂရမ်

သကြား                                             ၁ ခွက်  ၅၀ ဂရမ် 

သံပုရာရည်       ၂ ဇွန်း (လက်ဖက်စားဇွန်း)

ဂျင်းရည်       ၁ ဇွန်း (လက်ဖက်စားဇွန်း)

အမှုန့်ကြိတ်ထားသော ဇီရာစေ့                  ၁ ဇွန်း (လက်ဖက်စားဇွန်း)

အမှုန့်ကြိတ်ထားသော သစ်ကြံပိုးခေါက်        ၁/၄ ဇွန်း (လက်ဖက်စားဇွန်း)

အမှုန့်ကြိတ်ထားသော လေးညှင်းပွင့်       ၁/၈ ဇွန်း (လက်ဖက်စားဇွန်း)

ဆား       ၁ ဇွန်း (လက်ဖက်စားဇွန်း)

ငရုတ်သီးမှုန့်                                      ၁ ဇွန်း (လက်ဖက်စားဇွန်း)

ပြုလုပ်ပုံအဆင့်ဆင့်

အဆင့် ၁

ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးပါ။ ပါဝင်ပစ္စည်းအားလုံးကို လက်ကိုင်ပါသော ဒယ်အိုးထဲသို့ထည့်ပြီး မီးအပူချိန်အသင့်အတင့်တွင် ပွက်အောင်တည်၍ မကြာခဏမွှေပေးပါ။

အဆင့် ၂

ယိုအနေအထားပျစ် လာပါက မီးအပူချိန်ကိုလျှော့ချလိုက်ပြီး မီးအေးအေးဖြင့် ၁နာရီ ၁၅ မိနစ်ခန့်ထား၍ ရံဖန်ရံခါမွှေပေးပါ။ အရသာကိုမြည်းစမ်းပြီး လိုအပ်သော အရသာကိုထည့်ပါ။ ထို့နောက်အအေးခံပြီး ရေခဲသေတ္တာတွင် သိမ်းဆည်းထားပါ။ သိမ်းဆည်းထားပြီးတစ်ပါတ်အကြာတွင်စားသုံးနိုင်ပါသည်။

ဖြိုးသဉ္ဇာကျော် ဘာသာပြန်ဆိုသည်။

ဒါကတော့နောက်တစ်နည်းပါ....

ခရမ်းချဉ်သီးယို

- ခရမ်းချဉ်သီးတစ်ပိသာကို အလုံးလိုက် ရေထည့်ပြုတ်ပါ။

- ခရမ်းချဉ်သီးနူးလောက်ရင် အအေးခံပါ။ လက်နဲ့ကိုင်လို့ရတဲ့အခါ ဓါးအချွန်နဲ့ ခရမ်းချဉ်သီးလေးဖက်လေးတန်ကို အထဲရောက်အောင် အရာပေးပြီးခွဲပါ။ ပြီးရင် အစေ့တွေထွက်အောင်ညှစ်ထုတ်ပါ။ ခရမ်းချဉ်သီးကိုအလုံးမပျက်ပါစေနဲ့။

- သကြား ၇၅ကျပ်သားကို ရေထည့်ပြီးသကြားရည်ကြိုပါ။ ဆားနည်းနည်း ထည့်ကြိုပါ။

- သကြားအရည်ပျော်ရင် အ၀တ်နဲ့အမှိုက်တွေစစ်ပစ်ပါ။

- ပြီးရင် သကြားရည်ကိုပေါက်စေးကျအောင်ပြန်ကြိုပါ။

- သကြားရည်နဲ့ခရမ်းချဉ်သီး တစ်သားတည်းဖြစ်ရင် ဖိုပေါ်ကချပြီး အအေးခံပါ။

****ခရမ်းချဉ်သီးကို အလုံးလိုက်ယိုမထိုးဘဲ ပြုတ်ပြီးသားကို စကာနဲ့အနှစ်တိုက်ပြီး ယိုထိုးလို့လည်းရပါတယ်။

credit - မူရင်းရေးသားသူ

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်