မြန်မာ့လက်ဖက်အစိုကို အမေရိကားကိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

17/10/2019 13:41 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခုနှစ်အတွင်း မြန်မာ့လက်ဖက်အစိုကို အမေရိကနိုင်ငံကို တင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

   မြန်မာ့လက်ဖက်အစိုကို တင်ပို့နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေတယ်လို့ ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းထွေးက ပြောပါတယ်။

   “လက်ဖက်အစိုကို အမေရိကကို တင်ပို့သွားဖို့ရှိတယ်။အခု ပို့ဖို့ပြင်ဆင်နေတယ်။ Buyer ဘက်ကလည်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်။ ရှေ့နှစ်တွေမှာလည်း အမေရိကကို တင်ပို့တာတွေလည်းရှိခဲ့ပါတယ်”

   ၂၀၁၃၊ ၂၀၁၄ နဲ့၂၀၁၇ ခုနှစ်များမှာ မြန်မာ့လက်ဖက်ကို အမေရိကားနိုင်ငံကို တင်ပို့ခဲ့ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

   မြန်မာ့လက်ဖက်ကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားစျေးကွက်များကိုလည်း တင်ပို့သွားမှာဖြစ်ကြောင်း ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်