ဝက်အူချောင်းကိုယ်တိုင်လုပ်ကြည့်ကြမယ်

18/09/2021 13:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    အခြောက်အခြမ်းတွေ မိမိတို့အိမ်မှာရှိရင် ဘယ်လိုအချိန်ဖြစ်ဖြစ် ဟင်းတစ်ခွက်ဖန်တီးလို့ရပါတယ်။ ခုလိုကာလမှာ အထားခံတဲ့ဝက်အူချောင်းကို ကိုယ်တိုင်လုပ်စားကြရအောင်။

ဝက်အူချောင်းလုပ်ရန်

၁။ ဝက်သုံးထပ်သား ၅၀ သား

၂။ ဝက်အူကြမ်း (သို့) collagen casing

၃။ ဆား အနည်းငယ်

၄။ သကြား ဟင်းခပ်ဇွန်း ၄ ဇွန်း

၅။ ပဲငံပြာရည်အပျစ် ဟင်းခပ်ဇွန်း၂ဇွန်း

၆။ ပဲငံပြာရည်အကျဲ ဟင်းခပ်ဇွန်း ၂ဇွန်း

၇။ ဟွာကျောင်းမှုန့်(သို့) တရုတ်မာဆလာအနည်းငယ်

၈။ အရောင်တင်မှုန့် အနည်းငယ်

၉။ ပြောင်းကော်မှုန့်အနည်းငယ်

၁၀။ ဟင်းချက်ဝိုင် ဟင်းခပ်ဇွန်း ၂ ဇွန်း တို့လိုပါသည်။

    ပထမဦးစွာ ဝက်သားမှ အခေါက် များဖယ်ကာ စဥ်း၍ဖြစ်စေ၊ ကြိတ်၍ဖြစ်စေထားပါ။ ထို့နောက် ပါဝင်သည့်အရာအားလုံးရောကာ အသားစဥ်းထားတာနှင့် နယ်ပါ။ တစ်နာရီခန့်နှပ်ထားပါ။

    အစာသွပ်ရန် ဝက်အူကြမ်းသုံးပါက အူကြမ်းကိုသန့်စင်ထားပါ။ collagen casing ဆိုသည်မှာ အူအစားသုံးနိုင်သည့် ဝက်အူချောင်းပြုလုပ်ရာတွင်သုံးသော အရာဖြစ်ပါသည်။ ဝက်အူကိုဖြစ်စေ၊ collagen casing ကိုဖြစ်စေ ကတော့ပြွန်တွင်စွပ်ပါ။ အူ၏အဆုံးနားအထိရောက်အောင်ဆွဲ၍ ကတော့ပြွန်တွင်စွပ်ပြီး အူ၏ကျန်ထိပ်ဝတစ်ဖက်ကို အစာများမထွက်စေရန် ထုံးထားပါ။ ထို့နောက် ကတော့ဝမှနေ၍ နှပ်ထားသောဝက်သားများကို ဖိထည့်ပါ။ ပြွန်မှတစ်ဆင့်အူဆီကျလာသော ဝက်အူချောင်းကို လေမခိုစေရန် သွားကြားထိုးတံလေးနှင့် လေခိုသည့်နေရာတိုင်းကို ဖောက်ပေးပါ။ အူတစ်ခုစာကုန်လျှင် ထိပ်မှပြန်ထုံးပါ။ collagen casing ဆိုလျှင်လည်းမိမိလိုသလောက်အရှည်ပိုင်းဖြတ်ကာသုံးပါ။ ရလာသောဝက်အူချောင်းများကို နေပူကျက်ကျက်တွင် တစ်နေ့ကို ၄ နာရီခန့် သုံးရက်မျှနေလှန်းပါ။ သို့မဟုတ် oven ထဲတွင် ဗန်းခံကာ အပူချိန် ၈၀ ဒီဂရီနှင့် တစ်နာရီခန့်အပူပေးလည်းရပါသည်။ ရလာသောဝက်အူချောင်းများကို ချက်ချင်း​ကြော်ချက်စားနိုင်သကဲ့သို့ လိုသလိုသိမ်းဆည်း၍လည်း လိုအပ်ချိန်တွင်စားသုံးနိုင်ပါသည်။

    တာရှည်အထားခံသည့်အပြင် လွယ်ကူလျင်မြန်စွာပြုလုပ်နိုင်သော ဝက်အူချောင်းကို ကိုယ်တိုင်ပြုလုပ်တတ်စေရန်ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်