စောင်းလျားသီးယို ကိုယ်တိုင်ထိုးမယ်

13/08/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

      နှစ်တွေတော်တော်ကြာပေမဲ့ ယိုတွေဆို စွဲစွဲမြဲမြဲစားသုံးနေတုန်းဆိုတော့ စားနေကျထဲကနေ နည်းနည်းလေးခွဲထွက်ပြီးတော့ Star Fruit (စောင်းလျားသီး) ယိုကို ကိုယ့်ဘာသာလုပ်စားလို့ရအောင် နည်းလမ်းလေး ပြောပြပေးလိုက်ပါတယ်။ ချိုချဉ်ရသာလေးရှိတဲ့အပြင်ကိုမှ တစ်ခြားသော ကျန်းမာရေးအကျိုးတွေဖြစ်တဲ့

(၁) ကယ်လိုရီနည်းပါးခြင်း

(၂) အမျှင်ဓာတ်တွေ အများကြီးပါလို့ အစာချေတာကို ကူညီပေးတယ်။ ပြီးတော့ အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးနိုင်ပါသေးတယ်။

(၃) ဗီတာမင်စီတွေ အများကြီးပါတာကြောင့် ကိုယ်ခံအားကို တိုးစေပါတယ်။ ပြီးတော့ ဗီတာမင် ဘီ ပါတာကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။

(၄) ပိုတက်စီယမ်၊ ဇင့်(သွပ်)၊ သံဓာတ် စတဲ့ ဓာတ်တွေပါတယ်ဆိုတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်လို့ ကြော်ငြာစရာမလိုတော့ဘူးပေါ့။

(၅) နာကျင်နေတဲ့အချိန်၊၊ ကိုယ်ဝန်ဆောင် နာကျင်တဲ့အချိန်တွေဆို (၃)နာရီခြားပြီး အသီးစိတ်လေးတွေကို စားပေးတာနဲ့တင် သက်သာစေပါတယ်။ 

ကောင်းတာတွေပြောပြီးတော့ ယိုဘယ်လိုလုပ်မလဲဆိုတာကို ဆက်သွားကြတာပေါ့။ 

ပထမဆုံးအဆင့်က လိုတာတွေကို စုဆောင်းရမယ်။

(၁) လတ်ဆတ်တဲ့  စောင်းလျားသီး ၈ ခွက်ခွဲ

(၂) သကြားက (၃)ခွက်

(၃) ဗင်နီလာအရည်က ခွက်ရဲ့ (၈)ပုံ ပုံလို့ တစ်ပုံ

(၄) လီမွန် တစ်စိတ် ဒါမှမဟုတ် ကြိတ်ထား/ မွှထားတဲ့ ဂျင်းဖတ်လေးတွေ စားပွဲတင်ဇွန်း (၁)ဇွန်း

(၅) ဖာလာစေ့ နည်းနည်း

စလုပ်ကြမယ်နော်

(၁) အသီးတွေကိုရေဆေးပြီးတော့ အပေါ်ဆုံးနဲ့ အောက်ဆုံးအပိုင်းကိုဖြတ်ထုတ်လိုက်ပြီးတော့  အခွံလေးတွေကို သေချာခွာပေးပါ။ ပြီးတော့ အချောင်းအရှည်လေးတွေဖြစ်အောင် လှီးထားပေးပါ။

(၂) ဗင်နီလာကို ထည့်ပါ။

(၃) ဖာလာစေ့ကို ထည့်ပေးပါ

(၄) ဂျင်းဖတ်လေးတွေ ဒါမှမဟုတ် လီမွန်သီး ညှစ်ထည့်ပါ။

(၅) သမအောင်မွှေပါ။

(၆) အဖုံးပိတ်ပြီး တစ်ညသိပ်ထားပေးပါ။

(၇) နောက်နေ့ကျတော့ အကုန်လုံးကို ကြိတ်လိုက်ပါ.

(၈) အပူချိန်အေးအေးလေးနဲ့ တစ်နာရီလောက်ကြာအောင် (အစေးကျတဲ့ထိ) တည်ပေးပါ။ 

(၉)  ပြီးတော့ ပုလင်းထဲထည့်ပြီး (၄)နာရီ ကြာအောင်ထားပေးပါ။

(၁၀) ပြီးရင်တော့ စားသုံးလို့ရပါပြီ။ အိမ်သုံးအတွက်ပါနော်။ 

ထွန်းဝင်းကျော်

Ref:https://www.blueosa.com/star-fruit-jam/

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်