စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်း (၂)

22/01/2021 20:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗေဒါနှင့် မြေပဲကြိတ်ဖတ် အခြေခံသော စူပါအီးအမ် ဘိုကာရှီမြေသြဇာပြုလုပ်နည်း

ပါဝင်ပစ္စည်း

- ဗေဒါ

- နောက်ချေး

- ဖွဲကြမ်း

- ပြာ

- မီးသွေးမှုန့်

- ပဲဖတ်

- အသင့်သုံးအီးအမ်

ဗေဒါအခြောက်လေးဆပုံထားပါ။ နောက်ချေး ၄ ဆနှင့် ဖွဲကြမ်း ၂ ဆကို ဗေဒါပုံပေါ်သို့ထည့်ပါ။ ထို့နောက် အီးအမ်၊ ပြာ၊ မီးသွေးမှုန့်ထည့်၊ ပဲဖတ် ၂၅ ရာခိုင်နှုန်းထည့်ပြီး သမအောင်မွှေပါ။ 

မွှေပြီးအရောကို အစိုဓာတ်တိုင်းထားပါ။ ငါးရက်တစ်ကြိမ် အထက်အောက်လှန်ပေးပါ။

လွှစာအခြေခံသော စူပါအီးအမ်ဘိုကာရှီ မြေသြဇာပြုလုပ်နည်း

ပါဝင်ပစ္စည်း

- လွှစာ

- အသင့်သုံးအီးအမ်

- ဖွဲကြမ်း

ပြုလုပ်ပုံအဆင့်ဆင့်

ပုံထားသောလွှစာထဲသို့ အီးအမ်နှင့် ဖွဲကြမ်းထည့်ပြီးမွှေပါ။

တစ်ပတ်ကြာသောအခါ လွှစာများမှိုတက်နေပါလိမ့်မယ်။ ဒါဆိုရင်လွှစာအခြေခံသောစူပါအီးအမ်ဘိုကာရှီမြေသြဇာရပါပြီ။ စိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။

ဝါးရွက်အခြေခံသော စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း

ပါဝင်ပစ္စည်း

ဝါးရွက်

ဖွဲကြမ်း

အီးအမ်

သကာရည်

ဝါးရွက်ပုံထဲသို့ ဖွဲကြမ်းရောထည့်ပါ။ ထိုအပုံထဲသို့ အီးအမ်နဲ့သကာရည်ထည့်ပြီး သမအောင်မွှေပါ။ 

အိတ်ထဲထည့်သိုလှောင်ပြီး တစ်ပတ် ၁၀ရက်နေရင် မြေသြဇာအဖြစ်အသုံးပြုနိုင်ပါသည်။

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

အရင်တစ်ပတ်ကတင်ထားသော “စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁)” ကိုလေ့လာရန် စာတန်းကိုနှိပ်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်

ကြိုက်နှစ်သက်သည် မကြိုက်ပါ မှတ်မည်