မြန်မာ့သရက်ဈေးကွက်ခိုင်မာစွာ ဖြစ်ပေါ်လာစေရန် စီစဉ်လုပ်ဆောင်နေ

05/04/2019 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့သရက်ဈေးကွက် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် ယခုနှစ်မှာ ဆွေးနွေးညှိနှိုင်းကာ စီစဉ်လုပ်ဆောင်နေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ သိရပါတယ်။ 

မြန်မာ့သရက်ဈေးကွက်ကို ခိုင်ခိုင်မာမာ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက် အဖွဲ့အစည်းတစ်ချို့နဲ့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စွာဟိန်းကပြောပါတယ်။

“သရက်စိုက်ပျိုးသူတွေအတွက် ဈေးကွက်အတွက်ကို NGO အဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ဈေးကွက်ဖြစ်ပေါ်လာဖို့အတွက် အသင်းအနေနဲ့  ကူညီပြီး လုပ်ပေးနေတဲ့အပိုင်းတွေကိုလည်း စီစဉ်လုပ်ဆောင်နေပါတယ်”

မြန်မာ့သရက်ကို အရည်အသွေးကောင်းစွာ ထွက်ရှိစေရန်အတွက်လည်း တောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်းများ လုပ်ဆောင်နေပြီး ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီစဉ်လုပ်ဆောင်နေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှသိရပါတယ်။

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်