ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

16/03/2018 13:21 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၂.၃.၂၀၁၈ မွ ၁၆.၃.၂၀၁၈)ထိ

ဒီတစ်ပတ်မှာတော့ မတ်ပဲ ရော ပဲစင်းငုံနီရော စျေးပြန်တက်လာပါတယ်။ပြီးခဲ့တဲ့ အပတ်က စပါးဝယ်ယူတာနဲ့ ပတ်သတ်ပြီး အခြေခံနှုန်းထားသတ်မှတ်လိုက်တဲ့အတွက် စပါးစျေးရော ဆန်စျေးပါ စျေးတက်လာခဲ့ပါတယ်။

စပါး

ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းက အခြေခံ စပါးစျေးဝယ်ယူမှုကို ငွေကျပ် ၅ သိန်း သတ်မှတ်ပေးလိုက်တဲ့ နောက်မှာ စပါးစျေးက တက်လာခဲ့ပါတယ်။ အခြေခံ နှုန်းထားသတ်မှတ်လိုက်တာဟာ ပြည်ပစျေးကွက်ဝင် ပထမတန်းစား ဆန်တွေကို စိုက်ပျိုးမှုနည်းတဲ့ တောင်သူငယ်တွေကို အဓိကထားရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အခြေခံနှုန်းထားနဲ့ ဝယ်ယူမှုကို လာမယ့်မိုးစပါးကနေ စတင်ဝယ်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ထုတ်ပြန်ကြေညာပြီးလိုက်တဲ့နောက်မှာ စပါးက တင်း ၁၀၀ ကို အနည်းဆုံး ၄၀၀၀၀ နီးပါးအထိ စျေးတက်သွားတာကို တွေ့ရပါတယ်။ ပထမတန်းစား ဆန်တွေဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းက တင်း ၁၀၀ ကို ၁၀၀၇၀၀၀ ကျော်ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၄၀၀၀၀ ကျော်၊ ပေါ်ဆန်းရင်က တင်း ၁၀၀ ကို ၉၀၂၀၀၀ ကျော်ပေါက်စျေးရှိပြီး ၃၀၀၀၀ ကျော်၊ ဖျာပုံပေါ်ဆန်းက တင်း ၁၀၀ ကို ၉၂၈၀၀၀ ကျော်ရှိပြီး ၄၀၀၀၀ ကျော် စျေးတက်လာခဲ့ပါတယ်။ ဒုတိယတန်းစား စပါးတွေဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းကတင်း ၁၀၀ ကို ၆၉၀၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို  ၅၀၀၀၀၊ သီးထပ်ရင်က တင်း ၁၀၀ ကို ၅၇၉၀၀၀ ကျော်ပေါက်စျေးရှိပြီး ၂၀၀၀၀ ကျော်စျေးတက်လာခဲ့ပါ တယ်။ တစ်ခြားအမျိုးအစားဖြစ်တဲ့ မနောသုခက တင်း ၁၀၀ ကို ၅၉၈၀၀၀ ၊ မီးကောက်က ၆၁၆၄၀၀ ရှိပြီး စျေးအပြောင်းအလဲ မရှိခဲ့ပါဘူး။

ဆန်

ဆန်ကတော့ ဧရာဝတီတိုင်းမှာတင်မဟုတ်ပဲ နယ်စုံမှာပါ စျေးက တက်လာပါတယ်။ ပြည်ပ တင်ပို့မှုကလည်း တိုးလာတဲ့အတွက် စျေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာတော့ ဧရာဝတီပေါ်ဆန်း ဆန်က တစ်တင်းခွဲ ကို ၃၉၀၀၀၊ ပေါ်ဆန်းရင်က ၃၇၀၀၀၊ ဖျာပုံပေါ်ဆန်းက ၃၈၀၀၀ နဲ့ တစ်တင်းခွဲကို ၁၀၀၀ လောက်တက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ရွှေသွယ်လေးနဲ့ဧရာမင်းက တစ်တင်းခွဲကို ၂၇၅၀၀၊ မနောသုခ ဆန်က ၂၄၀၀၀၊ မီးကောက်က ၂၄၅၀၀၊တို့ပေါက်စျေးရှိပြီး တစ်တင်းခွဲကို ၅၀၀ ကနေ ၁၀၀၀ ကြားအထိ စျေးတက်လာပါတယ်။ တစ်ခြားပြည်နယ် နဲ့တိုင်းတွေမှာလည်း ဆန်ချော တစ်တင်းခွဲကို အနည်းငယ်ဆုံး ၁၀၀၀ ကနေ ၃၀၀၀ ကြားစျေးတက်လာပြီး ဆန်ကြမ်းကလည်း တစ်တင်းခွဲကိုအနည်းဆုံး ၅၀၀ ကနေ ၁၅၀၀ ကြားစျေးတက်လာပါတယ်။

မတ္ပဲ (FAQ/RC)

ပြီးခဲ့တဲ့ အပတ်က စျေးကျဆင်းသွားတဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ စျေးအနည်းငယ်ပြန်တက်လာပါတယ်။ပြည်ပဝယ်လိုအားများရင် စျေးတက်ပြီး ပြည်ပဝယ်လိုအားနည်းရင် စျေးကျတဲ့ အမျိုးအစားဖြစ်တဲ့အတွက် မတ်ပဲရဲ့ စျေးတက်မှုက ပြည်ပဝယ်လိုအားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့လည်း ပြောလို့ရပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံမှာလည်း ၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာက ပဲတင်သွင်းမှုကို ကန့်သတ်ထားဖို့ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ကုန်သည်တွေက တောင်းဆိုနေပါတယ်။ လက်ရှိသတ်မှတ်ထားတဲ့အရေအတွက်က ကျန်ရှိနေသေးတဲ့အတွက် ထပ်ပြီး တင်သွင်းမှုဆက်လုပ်မယ်ဆိုရင် ပြည်တွင်းမှာ လက်ကျန်ပဲတွေ အများအပြား ကျန်ရှိနေမှာကို ကုန်သည်တွေအနေနဲ့စိုးရိမ်နေမှုတွေလည်း ရှိနေပါတယ်။ ထို့ပြင် ပြည်ပတင်သွင်းတဲ့ပဲက ပြည်တွင်းပဲထက် စျေးသက်သာနေတဲ့အတွက် တောင်သူတွေအနေနဲ့လည်း အုံကြွမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံကသာ လက်ရှိကန့်သတ်မှုထက် ဆက်ပြီးကန့်သတ်မယ်ဆိုရင် မတ်ပဲနဲ့ပဲစင်းငုံက ထပ်ပြီးစျေးကျဆင်းနိုင်ဖွယ်ရှိနေပါတယ်။ လက်တလော မှာတော့ ရန်ကုန်ကုန်စည်ဒိုင်မှာ ၅ သိန်းအထိ စျေးပြန်တက်ခဲ့ပါတယ်။မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၃၀၀ ရှိပြီး ၃၀၀ ကျပ်စျေးတက်လာပါတယ်။မုံရွာမှာ စျေးအနည်းငယ်တက်ပေမယ့် နေပြည်တော်ကုန်စည်ဒိုင်၊ ပြည်ကုန်စည်ဒိုင်မှာတော့ စျေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ စျေးအနည်းငယ်ပြန်တက်လာပါတယ်။ ပဲတွေကို ရန်ကုန်ဝယ်လက်တွေက အဝယ်များနေပေမယ့် တောင်သူတွေက အတက်စျေးကို စောင့်နေတဲ့အတွက် အရောင်းနည်းပြီး စျေးကွက်မှာ တက်နေတာလည်းဖြစ်ပါတယ်။ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာလည်း ဖြစ်တဲ့အတွက် ပြည်ပဝယ်လိုအားပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ စျေးအနည်းငယ်တက်ခဲ့ပေမယ့် မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၀၇၀၀ ရှိပြီး ၃၀၀ကျပ်စျေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၇၀ ရှိပြီး ၇၀ ကျပ်စျေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၄၃၅၀၀ ရှိပြီး ၂၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၄၇၅ ကျပ်ရှိပြီး တစ်ပိဿာကို ၂၅ ကျပ်စျေးကျဆင်းသွားပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၂၀၀ ရှိပြီး တစ်တင်းကို ၄၀၀၀ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။     

မဝတ်ရည်မွန်(AMIA)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်