ကြက်သွန်ဈေးဆက်တိုက်တက်နေပြီး မတ်ပဲဈေးလည်း ၁၅ သိန်း ၁ သောင်းကျော်ထိမြင့်တက်လာ

08/06/2022 16:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်ဘုရင်နောင်ဈေးကွက်မှာ ကြက်သွန်နီဈေးက တစ်နေ့ကို မြန်မာငွေကျပ်၁၀၀ ဝန်းကျင်ခန့် ၃ရက်ဆက်တိုက် မြင့်တက်နေခဲ့ပါတယ်။ ကြက်သွန်ဖြူ (ရှမ်း) ဈေးကလည်း ငြိမ်နေရာကနေ ဒီနေ့မှာ ကျပ် ၃၀၀ ဝန်းကျင်ခန့်ထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ ကြက်သွန်ဖြူ (ကြူကုတ်) ဈေးကတော့ ဇွန်လ ၇ရက် မနေ့ကစပြီးတော့ ၂၀၀-၃၀၀ ခန့်ကျဆင်းနေပါတယ်။ 

မနေ့ကစပြီး တစ်တန်ကို ကျပ် ၁၅သိန်းကျော်သွားတဲ့ မတ်ပဲဈေးကလည်း ဒီနေ့မှာ ထပ်တက်လာပြီး ကျပ် ၁၅၁၀၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) (၁)တန် ၁၅၁၃၀၀၀ ကျပ်

မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၁) (၁)တန်       1703000 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူရှယ်)(သစ်) (၁)ပိဿာ     1450 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) (၁)ပိဿာ     1400 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) (၁)ပိဿာ     1300 ကျပ်

ကြက်သွန်နီ(ဆိပ်ဖြူလတ်ချော) (၁)ပိဿာ     1050 ကျပ်

ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်) (၁)ပိဿာ     2600 မှ 2800 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၂) (၁)ပိဿာ    2000 မှ 2100 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၃) (၁)ပိဿာ   2600 မှ 2700 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၄) (၁)ပိဿာ   3000 မှ 3400 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၅) (၁)ပိဿာ   3700 မှ 3800 ကျပ်

ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်) (၁)ပိဿာ     2600 မှ 2800 ကျပ်

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်