ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

26/11/2018 11:16 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၉.၁၁.၂၀၁၈ မှ ၂၃.၁၁.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပွဲတော်ကာလဖြစ်ပြီး  ကုန်စည်ဒိုင်တွေမှာ အရောင်းအဝယ်ရပ်နားထားတဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာပါ။အိန္ဒိယနိုင်ငံကိုတော့ ပုံမှန်တင်ပို့မှုတွေ ပြုလုပ်လျှက်ရှိပေမယ့် အကျဈေးနဲ့သာအရောင်းအဝယ်ပြုလုပ်နေခဲ့ပါတယ်။  လက်ရှိမှာ မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံတို့ G to G စနစ်နဲ့ ပဲတင်ပို့ကို မကြာခင်လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်းသတင်း ထုတ်ပြန်ခဲ့ပေမယ့်  G to G စနစ် ပြုလုပ်ပါက အိန္ဒိယကသတ်မှတ်မယ့် ဈေးကနည်းကြောင်း ကုန်သည်တွေက မှတ်ချက်ပြုကြပါတယ်။ ကုန်သည်တွေအနေနဲ့ကတော့ ဈေးနှုန်းကို အရှင် သတ်မှတ်ပေးရန်နဲ့အရေအတွက်ကို သတ်မှတ်မထားရန်လိုအပ်ကြောင်း တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ အနေနဲ့ G to G စနစ်ကို သွားရန်အတွက် လွန်ခဲ့တဲ့နှစ်ကတည်းက ကြိုးစားခဲ့ပေမယ့် ပေးတဲ့ဈေးနည်းတဲ့အတွက်ကြောင့် မြန်မာကုန်သည်တွေဘက်က လက်ရှိအချိန်အထိ လက်မခံသေးတာကိုလည်းတွေ့ရပါတယ်။ လက်ရှိမှာ G to G စနစ် နဲ့ လုပ်ဆောင်ထားတာ မလုပ်တဲ့အတွက် အိန္ဒိယက ၎င်းနိုင်ငံရဲ့ လိုအပ်ချိန်ကိုသာ မြန်မာက အရောင်းအဝယ်ပြုလုပ်နေရတဲ့အတွက် ပဲဈေးက တည်ငြိမ်မှုမရှိခဲ့ပါဘူး။

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲဈေးက အနိမ့်ဆုံးဈေး ၈၅၀၀၀၀ အထိ ဈေးကျဆင်းခဲ့ပေမယ့် ပိတ်ရက်တွေကြောင့် အရောင်းအဝယ်ကလည်း ရပ်နားနေခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ နဲ့ ၅၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၀၀၀ ကျပ် နဲ့ ၆၀၀ ကျပ်နဲ့ ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်မရှိပဲ ပိတ်ထားပါတယ်။ ကုန်အဝင်ကလည်းနည်းပြီး တင်ပို့မှုကလည်း နည်းနေပါတယ်။ နယ်ဈေးကွက်တွေမှာလည်း အသစ်ဝင်ရောက်မှုကလည်းနည်းပြီး အဟောင်းလက်ကျန်သာ အရောင်းအဝယ်ရှိနေပါတယ်။ ပွဲတော်ကာလဖြစ်တဲ့အတွက် ဈေးကတော့ ကျဆင်းနေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ယခုနှစ်ပဲစိုက်ပျိုးမှုက ၁၈ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့တာကိုလည်း တွေ့ရပါတယ်။ ပဲထွက်ရှိမှုလျော့နည်းတာနဲ့အမျှ ပြည်ပကနေ ပဲဝယ်ယူမှုများတဲ့အတွက် မြန်မာ့ပဲစင်းငုံနီတွေကတော့ ဈေးကောင်းရနိုင်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ကုန်သည်ကြီးတွေကတော့ ၂၀၁၅ ခုနှစ်အခြေအနေကို ရောက်နိုင်သေးတယ်လို့ မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် ပဲအသစ်ထွက်မယ့်အချိန်က လိုအပ်နေသေးတဲ့အတွက် အိန္ဒိယပဲဝယ်မှုက မတ်ပဲကို အလေးသာနေတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက ဈေးမဖွင့်ပါဘူး။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၅၀၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ရှိပြီး ၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတာ့ တစ်တင်းကို ၂၂၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးအသီးသီးဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ တရုတ်ကလည်း အဝယ်ဆက်တိုက်ရှိနေတဲ့အတွက် ဈေးကတက်လာနေတာဖြစ်ပြီးတော့ ပဲအဝင်တွေကလည်း ပုံမှန်ရှိနေခဲ့ပါတယ်။

အိန္ဒိယတင်ပို့မှုမှာ ပဲတီစိမ်းကလည်း ပါဝင်တဲ့အတွက် ပဲတီစိမ်းကို တရုတ်ကလည်း ဝယ်သလို အိန္ဒိယကလည်း ဝယ်တဲ့အတွက် ပဲတီစိမ်းကတော့ ဈေးကျဆင်းတယ်ဆိုရင်တောင် မတ်ပဲတို့လောက် ရုပ်ပျက်ဆင်းပျက် ကျဆင်းသွားတာမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်တင်းကို ၂၆၅၀၀ ကနေ ၂၇၀၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ ရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၃၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပါတယ်။

ကုလားပဲ

ကုလားပဲရာသီ မကြာခင်ကုန်ဆုံးမှာ ဆိုပေမယ့် ဒီတစ်ပတ်ကတော့ ပွဲတော်ကာလဖြစ်ပြီး ကုန်စည်ဒိုင်တွေပိတ် အရောင်းအဝယ်တွေ နားထားတဲ့အတွက် ပဲအဝယ်လည်း မရှိသလို ဈေးတွေကလည်း ကျဆင်းသွားခဲ့ပါတယ်။ ကုလားပဲရာသီကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ကုလားပဲဈေးကတော့ အရမ်းကြီးဈေးတက်သွားတော့မှာ မဟုတ်ပဲ အနည်းငယ်သာ ဈေးက တက်နိုင်ပါတော့တယ်။ ကုလားပဲအစားထိုး သီးနှံတွေကလည်း မကြာခင်ထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် ကုလားပဲဝယ်လိုအားက လျော့နည်းလာနိုင်ပြီး ဈေးက ငြိမ်နေဖွယ်ရှိပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၄၇၀၀ ကနေ ၂၆၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ကျပ်၊ ကုလားပဲဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၂၀၀ ကနေ ၂၇၀၀၀ ၁၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၄၂၀၀ ရှိပြီး ၇၅၀ ကျပ်၊ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၅၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့  ကုလားပဲလုံးဝါကြီးက ၂၅၆၅၀ ရှိပြီး ၄၇၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးက တော့ ၂၃၃၀၀ ရှိပြီး တစ်တင်းကို ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်