ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

20/09/2019 15:49 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၆.၉.၂၀၁၉ မှ .၂၀.၉.၂၀၁၉)ထိ

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝါးတန်းဈေးကွက်မှာလည်း ပထမတန်းစား ဆန်တွေ ဖြစ်တဲ့ ပေါ်ဆန်းတွေက ဈေးကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။

ဧရာဝတီဆန်စပါးဈေးကွက်မှာလည်း  စပါးဈေးတွေရော ဆန်ဈေးတွေ ရော ဈေးက ကျဆင်းသွားပါတယ်။ အသစ်တွေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် အရောင်းအဝယ်နည်းပြီး ဈေးကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ပေါ်ဆန်းဖျာပုံက တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ရှိပြီး ၂၀၀၀ ကျပ်၊ မော်ကျွန်းပေါ်ဆန်းက တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၈၀၀၀ ကျပ်ရှိပြီး ၂၅၀၀ ကျပ်၊ ဘိုကလေးပေါ်ဆန်းက တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက ၄၀၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကတော့ ၅၇၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၁၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ ဆန်ကတစ်အိတ်ကိုဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ ဆန်ကတစ်အိတ်ကို ၃၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၇၆၀၀၀ ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၄၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၈၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၀၂၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးအသစ်တွေထွက်ရှိတော့မှာဖြစ်တဲ့အတွက် ထွက်ရှိလာတဲ့ စပါးတွေကို ဈေးနှုန်းသတ်မှတ် ဝယ်ယူပေးရန် တောင်သူများက တောင်းဆိုမှုတွေပြုလုပ်နေပါတယ်။

မတ်ပဲ(FAQ/RC)

မတ်ပဲကတော့ ဈေးကွက်အတွင်း အနည်းငယ်လှုပ်ခတ်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း အိန္ဒိယကို ပဲအပြီး တင်သွင်းမှုပြုလုပ်ရမှာဖြစ်တဲ့အတွက်  ကုန်သည်တွေက ပြန်အဝယ်လိုက်လာပြီးဈေးက အနည်းငယ်ပြန်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၇၇၉၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။

မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၁၅၀၀ ကျပ် နဲ့ ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၈၅၀ ကျပ်ဈေးတက်လာပါတယ်။ လက်ရှိမှာတော့ ပဲဈေးကွက်အတွင်း ဈေးတက်မယ် ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲဈေးကွက်အတွင်း လှုပ်ခတ်နေပြီး ချင့်ချိန်ဝယ်ယူမှုတွေ ပြုလုပ်ရန် ကုန်သည်ကြီးတွေက ပြောဆိုထားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပတ်လုံး အရောင်းအဝယ်မရှိပဲ ငြိမ်နေခဲ့ပါတယ်။ ဈေးကွက်အတွင်းမှာလည်း အကျဈေးနဲ့ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်ဈေးတက်လာပြီး ၈၅၅၀၀၀ နဲ့ ဈေးပြန်ဖွင့် ခဲ့ပါတယ်။မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၂၇၆၀၀ နဲ့ ၂၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင် ဈေးကွက်မှာတော့ တစ်ပိဿာကို ၂၉၀၀၀ ကျပ် နဲ့ ၅၀၀ ကျပ်ဈေးတက်လာပြီး ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၀၀၀ ကျပ်နဲ့ ၅၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကွက်ထဲကို အဝင်များ နေပြီးအရောင်းအဝယ်ကတော့ ပုံမှန်အနေအထားမှာရှိတဲ့အတွက်ဈေးက ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။  ရန်ကုန်ဈေးကွက်မှာတော့ ဈေးအမြင့်ရှိနေတဲ့ ပဲတီစိမ်းခရမ်းရွှေဝါက တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်လောက်ကျဆင်းသွားပါတယ်။ ပဲခူးရွှေဝါကလည်း တစ်ပိဿာကို ၁၉၀၀ ကနေ ၂၀၀၀ ရှိပြီး ၆၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ ပဲတီစိမ်းအကြီးက တစ်တင်းကို ၃၂၂၅၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၅၇၅ ကျပ်ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းအသေးက တစ်တင်းကို ၃၃၄၀၀ ပေါက်ဈေးရှိပြီး ၃၉၀၀ ကျပ်ဈေး တက်လာ ပါတယ်။

ကြက်သွန်နီ

ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေကြောင့် တင်ပို့မှုရပ်နားထားတဲ့အတွက်ပြည်တွင်း ကြက်သွန်ဈေးတွေ ကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်လာပြီ ဖြစ်တဲ့အတွက်ဈေးက ပြန်တက်လာခဲ့ပါတယ်။ နေ့စဉ် ကုန်အဝင်ကတော့ တန်ချိန် ၅သောင်းခန့်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီကတစ်ပိဿာကို ၅၂၅ ကျပ်ကနေ ၉၇၅ ကျပ်ပေါက်ဈေးရှိြ့ပီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၅၀၀ ကနေ ၇၂၅ ပေါက်ဈေးရှိပြီး ၇၅ ကျပ်လောက် ဈေးတက်လာပါတယ်။

အာလူး

အာလူးဈေးကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂၇၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး ၂၀ လောက်ဈေး ပြန်တက်လာပါတယ်။

 

 

ဝတ်ရည်မွန်(AMIA)

 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်