မြန်မာ့ပဲ ဈေးကွက်တည်ငြိမ်နေ

06/04/2019 06:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ပဲဈေးကွက်အတွင်းရှိ မတ်ပဲနဲ့ပဲစဉ်းငုံဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

ယခုလဆန်းပိုင်းအတွင်း ပဲဈေးနှုန်းများမှာ တစ်သိန်းကျပ်ဝန်းကျင်တက်ခဲ့ပေမယ့် ယခုလက်ရှိအချိန်ထိ အပြောင်းအလဲမရှိပဲ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

“ပဲဈေးနှုန်းတွေက အခုလဆန်းပိုင်းလောက်က မတ်ပဲဈေးနှုန်းက တစ်သိန်းနီးပါးလောက်တက်ခဲ့ပေမယ့် အခုလက်ရှိကတော့ သိပ်ပြီးအပြောင်းအလဲမရှိပါဘူး။ ပဲစဉ်းငုံဈေးနှုန်းလည်း တည်ငြိမ်နေပါတယ်”

ယခုလက်ရှိအချိန်ထိ မြန်မာ့ပဲဝယ်ယူမှုအများဆုံးဖြစ်တဲ့ အိန္ဒိယအစိုးရဘက်မှလည်း ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးကြောင်း အဆိုပါအသင်းမှသိရပါတယ်။

ပြည်တွင်းမတ်ပဲဈေးနှုန်းမှာ တစ်တန်ကို ၆၇၀၀၀၀ ကျပ် ၊ ပဲစဉ်းငုံတစ်တန်ကို ၇၃၅၀၀၀ ကျပ် နဲ့ ပဲစဉ်းငုံ အသစ်တစ်တန်ကို ၈၅၀၀၀၀ ကျပ်ရှိနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်