နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်သူလယ်သမားများတွေ့ဆုံမည်

27/06/2019 19:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်နဲ့ တောင်သူ လယ်သမားများ မနက်ဖြန်မှာ တွေ့ဆုံသွားမှာဖြစ်ကြောင်း DVB မီဒီယာမှ ဖော်ပြထားကြောင်းသိရပါတယ်။

ဓနုဖြူမှာ ဒေသခံတောင်သူများအတွက် လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )ကို ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲများမှ လာရောက်ဂုဏ်ပြုတက်ရောက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောပါတယ်။ 

“လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )ကို နက်ဖြန်မှာ ဖွင့်လှစ်သွားမယ်။ အဲဒီစခန်းကြီးဖွင့်လှစ်တာကို လယ်သမားတွေကို ရှင်းလင်းတင်ပြတဲ့ပွဲမှာ နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်တွေလည်း လာရောက်ဂုဏ်ပြုမယ်လို့ သိရပါတယ်”

အဆိုပါဖွင့်ပွဲနဲ့အတူ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေသခံတောင်သူလယ်သမားများနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

တောင်သူများအတွက် မျိုးစေ့၊ ထွန်ယက်ရေ ၊ စိုက်ပျိုးရေး၊ မြေသြဇာ၊ လယ်ထွန်စက်၊ ပိုးသတ်ဆေး နဲ့ ရိတ်သိမ်းစက် စတဲ့ဝန်းဆောင်မှုများကို လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )မှ သင့်တင့်တဲ့နှုန်းထားနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )ကို Gold Delta CO.,Ltd.မှ ဖွင့်လှစ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်