Protocol အချက်အလက်များနဲ့အညီ ဆန်တင်ပို့နိုင်ရေးဆွေးနွေး

09/04/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နှစ်နိုင်ငံစာချုပ်ချုပ်ဆိုထားတဲ့ Protocol အချက်အလက်များနဲ့အညီ ဆန်တင်ပို့နိုင်ရေးအတွက် ဆွေးနွေညှိနှိုင်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ 

တင်ပို့မယ့်ကုန်ပစ္စည်းတွေရဲ့ သန့်ရှင်းစင်ကြယ်မှုနဲ့ပတ်သက်ပြီး Protocol အချက်အလက်များနဲ့အညီ  စိစစ်နိုင်ဖို့အတွက် ဆွေးနွေးတာဖြစ်ကြောင်း သိရပါတယ်။  

“အဓိက Protocol ကFood Safety ကချုပ်ဆိုတဲ့စာချုပ်ပါ။ တင်ပို့တဲ့ကုန်ပစ္စည်းတွေရဲ့ သန့်ရှင်း စင်ကြယ်မှုအတွက်ချုပ်ဆိုတဲ့စာချုပ်ပါ။ တင်ပို့မယ်ဆန်တွေ ကFood Safety အရ စိစစ်မယ်ဆိုတဲ့ အချက်အလက်တွေ ချုပ်ဆိုမယ့်ဆိုတဲ့စာချုပ်ပါ။ ကြိတ်ခွဲတာ ၊ သိုလှောင်တာ၊ တင်ပို့ရောင်းချတာနဲ့ ပတ်သက်ပြီးတော့  တာဝန်ပေးမယ့် ကုမ္ပဏီတွေက စံချိန်စံညွှန်းနဲ့အညီတင်ပို့ရမယ်။ ဒီနှစ်မှာ စိစစ်ဖို့အတွက် ဆွေးနွေးတာပေါ့”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူးဦးမြင့်လွင်က ပြောပါတယ်။

အဆိုပါ တင်ပို့မယ့်ကုန်ပစ္စည်းများကို စိစစ်ပေးနိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ အရည်အသွေးစိစစ်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

Protocol အချက်အလက်များနဲ့အညီ ဆန်တင်ပို့နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်မှစတင်ကာ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်