စိုက်ပျိုးရေးလောက အလွဲများ (၅)

08/10/2019 09:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တူလေး ဘယ်ကုမ္ပဏီကလဲ လက်ဆောင်ဘာပါလဲ....
ဗျာ....ဟုတ်ကဲ့ဒေါ်ဒေါ် ....ကျွန်တော်တို့က နည်းပညာပေးတဲ့အဖွဲ့ကပါ..... လက်ဆောင်တော့မပါလာခဲ့ဘူး
မနက်ဖြန်ကျရင်တော့ ပွဲလာတက်နော် ဒေါ်ဒေါ်... ကျွန်တော်တို့က နည်းပညာတွေပေးမှာဗျ
အော်...လက်ဆောင်မပါရင်တော့မလာတော့ပါဘူးကွယ်တဲ့ စိုက်ပျိုးရေးနည်းပညာပေးပွဲတစ်ပွဲမှာ ကြုံတွေ့လာရကတည်းက ဒီလက်ဆောင်ဆိုတာကြီးကို စိတ်ခုနေတာ ကြာပါပြီ.....
မြန်မာတောင်သူတွေရဲ့ ဓလေ့တစ်ခုလို ဖြစ်နေပြီလား....
ရိုင်းရိုင်းပြောရရင် အကျင့်တွေပျက်နေကြပြီလား....
ဘယ်သူတွေစခဲ့ကြတာလဲ....
ဘယ်သူ့ကိုအပြစ်တင်ကြမလဲ....
လက်ဆောင်ဆိုတဲ့ စီးပွားရေးလှည့်ကွက်တစ်ခုအောက်မှာ မျောနေကြပြီလား.....
ကျွန်တော်တို့ နည်းပညာပေးပွဲတွေ လက်ဆောင်မပါရင် မလာကြတော့.....
လက်ဆောင်ပါတဲ့ အချို့ဟောပြောပွဲတွေ လူစည်နေတက်သည်......
ပွဲတစ်ပွဲပြီးတိုင်းကြားနေရတာက ဒီပွဲက ဒီလက်ဆောင်တွေရလာတယ် ဟိုအဖွဲ့က အဲဒါတွေ ပေးနေတယ် ဆိုတာချည်းပဲ....
ကျွန်တော်တို့ပေးတဲ့ နည်းပညာတွေထက် ဒီလက်ဆောင်တွေက ပိုအရေးပါနေသည်က ကျွန်တော်သိပ်တော့ ဘဝင်မကျချင်ပါ....
ကျွန်တော်ကပဲ အတွေးတွေ လွန်နေတာလားတော့မသိ....
ပြောမပြတက်တဲ့ စောဒက တစ်ချက်ကို မြိုသိပ်ရင်း နောက်နည်းပညာပေးပွဲအတွက် လက်ဆောင်ပေးရန် စီစဉ်လိုက်ပါဦးမည်


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်