ကုန်တင်ယာဉ်အခက်အခဲနှင့် ဒေါ်လာဈေးကျဆင်းမှုကြောင့် မိုးစပါးဈေးဆက်တိုက်ကျ

15/10/2020 20:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    COVID-19 ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကြောင့် ကုန်တင်ယာဉ်အခက်အခဲနှင့် ပို့ကုန်ရငွေတန်ဖိုး အမေရိကန်ဒေါ်လာကျဆင်းမှုကြောင့် မိုးစပါးဝယ်လိုအား လျော့နည်းသဖြင့် စပါးဈေးနှုန်း ဆက်တိုက်ကျဆင်းလာသည်။

    ယခုနှစ် မိုးစပါးစပေါ်ချိန်တွင် စပါးတင်းတစ်ရာလျှင် ကျပ် ၆၀၀,၀၀၀ ဈေးရှိခဲ့သော်လည်း လက်ရှိတွင်ကျပ် ၅၀၀,၀၀၀ ဝန်းကျင်သို့ ကျဆင်းလာသည်။

    ဧရာဝတီ၊ ပဲခူးတိုင်း စသောဒေသအများစုမှ မိုးစပါးများ စတင်ထွက်ပေါ်ထွက်နေသော် လည်း ရန်ကုန်ဈေးကွက်၏ ဝယ်လိုအားကျဆင်းမှုကြောင့် စပါးဈေးထပ်ကျနိုင်သည်ဟု ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သည့်အသင်းအဖွဲ့များမှ တာဝန်ရှိသူအချို့ကပြောသည်။

    ရန်ကုန်ဈေးကွက်တွင်လည်း မိုးစပါးမှကြိတ်ခွဲထားသော ဆန်သစ် ၂၅ မှတ်အမျိုးအစား များက ပြည်ပဆန်တင်ပို့မည့်လုပ်ငန်းရှင်များ ဝယ်လိုအားလျော့နည်းမှုကြောင့် တစ်အိတ် လျှင် ကျပ် ၂၁,၀၀၀ ဝန်းကျင်မှ ကျပ် ၁၉,၅၀၀ သို့ ကျဆင်းလာသည်။

    လက်ရှိ ပို့ကုန်ရငွေ ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ရန်ကုန်ဈေးကွက်တွင် ပြည်ပတင်ပို့သူများ၏ ဝယ်လိုအား ၅၀ ရာ ခိုင်နှုန်းအထက် လျော့နည်းသွားသည်ဟု ဦးသန်းဦးကပြောသည်။

     ယခင်က တစ်ရက်လျှင် အိတ်ရေတစ်သိန်းအထိ ဝယ်အားရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် အိတ်ရေနှစ်သောင်းဝန်းကျင်သာ ဝယ်ယူသည်။

သတင်းအရင်းအမြစ် - MAN Local News

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်