ဒန့်သလွန်သီးစျေးနှုန်း ကျဆင်း
ယခုနှစ်အတွင်း ဒန့်သလွန်သီးစျေးနှုန်းများမှာ အရင်နှစ်ထက်ကျဆင်းလာကြောင်း အရာတော် ဒန့်သလွန်ရောင်း ဝယ်ရေးမှသိရပါတယ်။ အခုနှစ်အတွင်းဒန့်သလွန်သီးများမှာ ရောင်းလိုအားများလာတာကြောင့် အရင်နှစ်ထက် စျေးနှုန်းကျ ဆင်းသွားတာဖြစ်တယ်လို့ အရာတော်မှ ဒန့်သလွန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးဖြစ်တဲ့ ဦးဝေ လွင်ထွန်းကပြောပါတယ်။ “
ဒန့်သလွန်သီးက ဒီနှစ်အတွင်းမှာ စိုက်တဲ့သူတွေများလာတော့ ရောင်းလိုအားများလာတာကြောင့် စျေးနှုန်းက အရင်နှစ်ကဆို ဒန့်သလွန်တစ်ချောင်းကို ၃၀၀ ဝန်းကျင်လောက်ရပေမယ့် အခုအခါမှာ ဒန့်သလွန်တစ်ချောင်းကို ၂၀၀ ဝန်းကျင်လောက်ပဲ ရတော့တယ်” ဒန့်သလွန်ကို ပြည်တွင်းမှာသာမက ပြည်ပစျေးကွက်များထိပါတင်ပို့ရောင်းချနိုင်ရန် မျှော်မှန်းထား တယ်လို့ ၄င်းကဆက်လက်ပြောပါတယ်။
ဒန့်သလွန်သီးတစ်တောင့်ကို ၁၈၀ ကျပ်မှ ၂၀၀ ကျပ်ဝန်းကျင်အထိစျေးနှုန်းရရှိနေတာဖြစ်ကြောင်း ဒန့်သလွန်ရောင်းဝယ်ရေးမှသိရပါတယ်။
တိုးတိုးခိုင်(ABM)