ရှမ်းပြည်နယ်မှာ စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဖွဲ့သွားမည်

08/10/2019 16:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရှမ်းပြည်နယ်မှာ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့သွားမည်

စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) မှာ ထပ်မံဖွဲ့စည်းသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မှိုအစုအဖွဲ့အားကောင်းတဲ့နေရာများမှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးတင်အောင်ကပြောပါတယ်။

“ မှိုအစုအဖွဲ့တွေကို တိုင်းနဲ့ပြည်နယ်အားကောင်းတဲ့နေရာတွေမှာ ဆက်လက်ဖွဲ့စည်းလုပ်ဆောင် သွားမယ်။ ရှမ်းပြည်နယ်မှာ မြို့နယ်အလိုက်လေးတွေစုထားပြီးပြီ။ ပြည်နယ်အဆင့်ကိုတော့ အဆင်ပြေတဲ့ရက်မှာဆွေးနွေးပြီး ဖွဲ့စည်းသွားမယ်”

စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း သွား ရောက်ဖွဲ့စည်းသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မှိုစိုက်တောင်သူများအတွက်လည်း ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်သင်တန်းများပေးနိုင်ရန်အတွက်လည်း စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်