မှိုမျိုးစုံမွေးမြူစိုက်ပျိုးခြင်းဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်မည်

10/01/2020 10:13 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီသီးနှံ ဌာနခွဲ၊ မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ပြင်ဦးလွင်၌ မှိုမျိုးစုံ မွေးမြူစိုက်ပျိုးခြင်းဆိုင်ရာ ပညာပေးသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ (၁၄) ရက်မှ (၁၆) ရက်အထိ (၃) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး၊ အခြားမှိုသင်တန်းများ တက်ရောက်ပြီးသူဖြစ်စေ၊ လက်ရှိစိုက်ပျိုးနေသူဖြစ်စေ၊ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းပညာရပ်ကို လေ့လာနေသူဖြစ်စေ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

"တစ်နှစ်ကိုမှ တစ်ကြိမ်သာ ဖွင့်တာပါ။ ဒါက တတိယမြောက်နှစ်ပါ။ မှိုစိုက်နည်းတွေကို သီးသန့်သင်တာထက်၊ မှိုစိုက်တဲ့အခါ အဓိကလိုအပ်တဲ့ သိသင့်တာလေးတွေကို အသေးစိတ်ညွှန်ပြပေးတဲ့ သင်တန်းမျိုးပါ။ သင်တန်းသားတွေလိုအပ်တဲ့ ပညာရပ်အပေါ် မူတည်ပြီး လိုအပ်ရင်လိုအပ်သလို ထည့်သွင်းသင်ပြပေးတာပါ။ နောက်တစ်ခုက အအေးပိုင်းဒေသမှာဖွင့်တဲ့ သင်တန်းဖြစ်လို့၊ အအေးပိုင်းမှိုတွေကို စိတ်၀င်စားသူတွေအတွက်လည်း အကျိုးရှိမှာပါ။" ဟု စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ ရာသီသီးနှံ ဌာနခွဲ၊ မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ပြင်ဦးလွင်၏ လက်ထောက်ဦးစီမှူး ဦးအေးမင်းဇော်က ပြောသည်။

သင်တန်းတက်ရောက်သူများကို နေ့လည်စာ သုံးဆောင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး၊ သင်တန်းကြေး အခမဲ့ဖြစ်ကြောင်း ဦးအေးမင်းဇော်က ဆိုသည်။

နန်းထက်ထက်ချစ်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်