မြန်မာ့သခွားမွေး ပြည်ပဝယ်လိုအား ရပ်တန့်နေ

09/10/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့သခွားမွေး ပြည်ပဝယ်လိုအား ရပ်တန့်နေ

ယခုလပိုင်းအတွင်း မြန်မာ့သခွှားမွေးပြည်ပဝယ်လိုအားမှာ ရပ်တန့်နေကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

တရုတ်ပြည်မှ ဝယ်လိုအားမရှိသေးတဲ့အတွက် မြန်မာ့သခွှားမွေးဝယ်လိုအား ရပ်တန့်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးနိုင်ဝင်းကပြော ပါတယ်။

“ မြန်မာ့သခွှားမွေးက အခုချိန်ထိ ဝယ်လိုအားမရှိသေးဘူး။ တင်ဒါမရသေးဘူးရပ်တန့်နေတယ်။ တရုတ် ပြည်ဘက်မှာကပေါ်နေတဲ့အချိန် ဖြစ်နေတော့ ဝယ်လိုအားမရှိသေးတာလည်းပါတယ်။ ဒါကြောင့် အခုချိန်ထိ အော်ဒါမရသေးတာပါ။ ပြည်တွင်းမှာပဲရောင်းနေသေးတာပါ”

မြန်မာ့သခွားမွေးကို စစ်ကိုင်းတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီးတို့မှာအများဆုံးစိုက်ပျိုးကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့သခွှားမွေးကို အောက်တိုဘာလလယ်ပိုင်းမှစတင်ကာ တရုတ်ကိုအဓိကထား တင်ပို့သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)



East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်