မြန်မာ့ပလောင်လက်ဖက် တရုတ်ပြပွဲကိုသွားရောက်ပြသမည်

28/08/2019 16:34 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   လာမယ့်စက်တင်ဘာလအတွင်းမှာ မြန်မာ့ပလောင်လက်ဖက် တရုတ်လက်ဖက်ပြပွဲကို သွား ရောက်ပြသသွားမှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။

   တရုတ်ပြည်မှာ မြန်မာ့လက်ဖက် ဈေးကွက်ဝင်နိုင်ဖို့အတွက် သွားရောက်ပြသတာဖြစ်ကြောင်း ပ လောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့်က ပြောပါတယ်။

   “တရုတ်ပြည်ပပြုလုပ်ကျင်းပတဲ့ပွဲဖြစ်တာကြောင့် နိုင်ငံတကာကလည်း လက်ဖက်တွေလည်း ဝင် ရောက်ပြသသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကိုယ်စားပြုဖြစ်တဲ့ ပလောင်လက်ဖက်ကို လာမယ့်  စက်တင်ဘာလမှာ သွားရောက်ပြသမှာပါ။ တရုတ်မှာ မြန်မာ့လက်ဖက်ဈေးကွက်လည်းဝင်နိုင်ဖို့ ကို သွားရောက်ပြသမှာပါ”

    မြန်မာ့လက်ဖက်ခြောက်ကို တရုတ်ပြည်ကို အဆင့်မြှင့်တင်ကာ တင်ပို့နိုင်ရန်အတွက်လည်း စီစဉ် လုပ်ဆောင်နေေ ကြာင်းအဆိုပါအသင်းမှ သိရပါတယ်။

    မြန်မာ့လက်ဖက် စိုက်ဧကပေါင်း (၂၂၀၀၀) ကျော်ရှိကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။ 

ယမင်းအေး(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်