နေပီယာမြက်သည် အာဖရိကဒေသတွင် မြစ်ကမ်းဘေးများနှင့် သစ်တောဘေးများတွင် သဘာဝအလျှောက်ပေါက်ရောက် လျှက် ရှိပါသည်။ ယခုအချိန်တွင် အပူပိုင်းနိုင်ငံ များတွင် ရှင်သန် ပြန့်ပွားလျှက်ရှိပါသည်။ စိုက်ပျိုးမြေ၏ ချဉ်ဖန်ဓါတ် (၄.၅-၈.၂) တွင် ဖြစ်ထွန်းနိုင်ပါသည်။ အပူချိန် ၂၅-၄၀ ဒီဂရီစင် တီဂရိတ်တွင် ပိုမိုရှင်သန်နိုင်ပြီး အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်၌ ရှင်သန်ရန်ခက်ခဲပါသည်။ ရေဝပ်သောမြေအမျိုး အစားထက် ကုန်းမြင့်မြေများကို ပိုမိုဖြစ်ထွန်း ပါသည်။ လွှတ်ကျောင်းစားကျက်ထက် ရိတ်သိမ်း သယ်ယူကျွေးခြင်းသည် ပိုမိုသင့်တော်ပါသည်။ နေပီယာမြက်သည် အမြစ်ဖွံ့ ဖြိုးမှု ကောင်းမွန် ခြင်းကြောင့် ခြောက်သွေ့မှုကို ခံနိုင်ပါသည်။ သို့သော် စိုထိုင်းမှုကို နှစ်သက်ခြင်းကြောင့် ခြောက်သွေ့ ရာသီတွင် တစ်လလျှင် (၂) ကြိမ်ခန့် ရေပေးခြင်းဖြင့် ထွက်နှုန်းကောင်းစေပါသည်။
အပင်မြင့်မျိုးဖြစ်ပြီး၊ အုံလိုက်ပေါက်သော နှစ်ရှည်ခံပင်ဖြစ်ပါသည်။ အပင်မြင့်၍ ကြီးထွား နှုန်းမြန်သဖြင့် ဆင်မြက် ဟုလည်းခေါ်ပါသည်။ စိုက်ခင်းတွင် (၅) နှစ်မှ (၆) နှစ်အထိ ကျွေးမွေး နိုင်သော နှစ်ရှည်ခံပင်ဖြစ်သည်။ အရွက်ကြီး၍ အရွက်များခြင်း၊ နူးညံ့ခြင်း၊ အမွှေးပါးခြင်းနှင့် အရွက်မရှခြင်း စသည့် အရည်အချင်းများ ရှိပါသည်။ အပင်ရှည်၊ အပင်မြင့်မျိုး ဖြစ်၍ အစာစိမ်းအဖြစ် (၃-၅) ပတ် အတွင်း ခုတ်စင်း ကျွေးမွေးနိုင်ပါသည်။ နေပီယာမြက်၌ အသားဓါတ် ပါဝင်မှုမှာ (၇.၆-၁၀) ရာခိုင်နှုန်း ပါဝင်ပါသည်။ နိုက်တြိုဂျင်ဓာတ်မြေဩဇာကို နှစ်သက်၍ တစ်နှစ်လျှင် (၇၅-၁၅၀) ကီလိုဂရမ် လိုအပ်ပါသည်။ မျိုးစေ့ထုတ်လုပ်စိုက်ပျိုးရန် ခက်ခဲခြင်း၊ ပေါက်နှုန်း နည်းခြင်း တို့ကြောင့် အဆစ်မျိုးပွား စိုက်ပျိုးခြင်းသည် အထူးကောင်းမွန် ပါသည်။
- အပင်မှမျိုးပွားခြင်း ( ကိုင်းဖြတ်စိုက်ပျိုးခြင်း ) ကို အသုံးများသည်။
အဆစ်(၂) ခုကို စောင်းလျှက် အနေအထားဖြင့် တစ်ခုနှင့်တစ်ခု ကြက်ခြေ ခတ်ပုံ ထား၍ စိုက်ပျိုးရန်၊ အဆစ်(၂) ခုအနက် တစ်ခုကို မြေကြီးတွင် မြှုပ်အောင်သွင်းပြီး ကျန်တစ်ခုကို မြေမျက်နှာပြင် နှင့်ထိအောင် ထား၍စိုက်ပါ။ အတန်းကြား (၈၀) မှ (၁၂၀) စင်တီ မီတာ၊ အပင် ကြား (၄၀) မှ (၆၀) စင်တီမီတာ စိုက်ပျိုးရပါမည်။
၆- မျိုးစေ့ကြဲစိုက်ပျိုးခြင်း
မြန်မာနိုင်ငံ အလည်ပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးစသည့် ဒေသများတွင် ဧပြီလ၊ မေလ၊ ဇွန်လ ဆန်းပိုင် သည် မိုးရွာသွန်းမှုနည်းပါးပြီး ဇွန်လလကုန်၊ ဇူလိုင်လ၊ သြဂုတ်လ များသည် မိုးရွာသွန်းမှု မှန်ကန်သဖြင့် ၎င်းအချိန်တွင်စိုက်ပျိုးသင့်သည်။ မြန်မာနိုင်ငံ တောင်ပိုင်း နှင့် အလည်ပိုင်းဒေသများ၌ မိုးစတင် ရွာသွန်းချိန်တွင် စတင်စိုက်ပျိုး နိုင်ပါသည်။
စားကျက်မျိုးစေ့ချ စိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်း ခြင်း၊ သဘာဝမြေသြဇာများ ထည့်ပေးရန်လိုအပ်ပါသည်။ မြေပြင်အနေအထားပေါ် မူတည်ပြီး အစိုဓါတ် ထိန်းသိမ်း၍ ရေစီးရေလာကောင်းမွန်အောင် ထွန်ယက်ပေးရန် လိုအပ်ပါသည်။
တစ်ဧကလျှင် (၄-၅) ကီလိုဂရမ် နှုန်းဖြင့် မြက်အမျိုးအစားအလိုက် မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ မြက်မျိုးစေ့များကြဲပက်ရာတွင် မြေပေါ်သို့ အပင်ပေါက်ညီညာစေရန် မျိုးစေ့များကို ရေ၊ သဲ (သို့) လွှစာ၊ စပါးခွံများနှင့် ရောနှော ကြဲပက်နိုင်ပါသည်။ မြေညီညာသော နေရာများတွင် အတန်းလိုက်စိုက်ပျိုးခြင်းဖြင့် မျိုးစေ့အသုံးပြုသည့် ပမာဏနည်းခြင်း၊ ပေါင်းမြက် သုတ်သင်ရန်နှင့် ရိတ်သိမ်းရန် လွယ်ကူပါသည်။
မျိုးစေ့များမှာ အလွန်သေးငယ်သောကြောင့် ထွန်ရေးကောင်းကာ မျိုးစေ့ကြဲပြီး မြေဖုံးရာတွင် အနည်းငယ်သာ ဖုံးရန်လိုအပ်ပါသည်။ မျိုးစေ့များ မြေအနက်သို့ ရောက်ရှိပါက အပင်ပေါက်ရာ၌ ကြာမြင့်သကဲ့ သို့ ပေါက်နှုန်းလည်း ညံ့တတ်သည်။
စားကျက်မြက်ခင်းများ စိုက်ပျိုးရာတွင် မျိုးစိတ်တစ်မျိုးခြင်းစီအား သီးသန့် စိုက်ပျိုးခြင်းထက် မျိုးစိတ်များစွာကို ရောနှောစိုက်ပျိုးခြင်းသည် ပိုမိုကောင်းမွန်ပြီး၊ မျိုးစစ်များ တည်ရှိမှုအား သက်တန်းရှည်စေပါသည်။ အထူးသဖြင့် စားကျက်ပဲနွယ်ပင် များအား ရောနှောစိုက်ပျိုး ရန်လိုအပ်ပါသည်။ စားကျက်မြက်များသည် မျိုးစေ့ထုတ် ယူမျိုးပွားခြင်းထက် ပင်ပွားမျိုးပွားခြင်း ဆောင်ရွက်ရန် ပိုမိုသင့်တော်ပြီး စားကျက် ပဲမျိုးများကို မျိုးစေ့ထုတ်နိုင်သော အချိန်တွင် မျိုးစေ့ထုတ်ယူ မျိုးပွား ရန်သင့်တော်ပါ သည်။
နို့စားနွားတစ်ကောင်အတွက် စားကျက်လိုအပ်ချက်
နို့စားနွားမ၏ ပျမ်းမျှကိုယ်အလေးချိန် = ၅၀၀ ကီလိုဂရမ်
မြက်အစိုတွင် ပါဝင်သော ပျမ်းမျှ အစာခြောက် = ၂၀ ရာခိုင်နှုန်
နို့စားနွား၏ တစ်နေ့အစာခြောက်စားသုံးမှု = ၃ ရာခိုင်နှုန်း
ကီလို (၅၀၀) ရှိ နွားမ၏အစာခြောက်လိုအပ်ချက် = ၁၅ ကီလိုဂရမ်/တစ်ရက်
အစာခြောက် (၁၅ ကီလို) ရရှိရန် = ၁၀၀ x ၁၅/၂၀= ၇၅ ကီလို
(မြက်အစို)
တစ်နှစ်နွားမ တစ်ကောင် မြက်အစိုလိုအပ်ချက် = ၇၅ x ၃၆၀= ၂.၇ တန်
မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း