ဈေးကွက်အခက်အခဲဖြစ်နေတဲ့ ပဲမျိုးနေရာမှာ အစားထိုးစိုက်ပျိုးနိုင်မယ့် ပဲပုပ်မျိုးသစ်

04/09/2018 15:27 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပဲပုပ်သီးနှံ သုတေသနရလဒ်အဖြစ် အသက်ရက် (၁၀၀ မှ ၁၁၀) အတွင်း ရိတ်သိမ်းနိုင်သော ရေဆင်း- ၆၊ ရေဆင်း- ၁၁ နှင့် ရေဆင်း - ၁၅ ပဲပုပ်မျိုးများကို တောင်သူများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးများပွားများလျက်ရှိပါသည်။ ၎င်းမျိုး များသည် အထွက်နှုန်း (Yield Potential) တစ်ဧက (၄၀) တင်းအထိ ထွက်နိုင်ပြီး၊ အသားဓာတ် (Protein) ပါဝင်မှု (၃၄ မှ ၄၃ %) နှင့် ဆီပါဝင်မှုနှုန်း (၂၀ မှ ၂၂%) အသီးသီးပါဝင်သော မျိုးများ ဖြစ်ပါသည်။ ၎င်းမျိုးများသည် မိုးရာသီနှင့် စပါးသီးထပ်အဖြစ် စိုက်ပျိုးနိုင်ပြီး၊ တောင်ပေါ်မြေပြန့် စိုက်ပျိုးနိုင်သောမျိုးများအဖြစ် စမ်းသပ်တွေ့ရှိထားပြီး ဖြစ်ပါ သည်။

ပဲပုပ်သီးနှံသည် လယ်သီးထပ်၌ ဈေးကွက်အခက်အခဲဖြစ်နေသော ပဲသီးနှံများနေရာတွင် အစားထိုး စိုက်ပျိုးနိုင်ခြင်း၊ အာဟာရ နှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သော ပဲပုပ်ဆီဖြစ်ခြင်းကြောင့် ဆီထွက်သီးနှံ ဖူလုံရေးအတွက် အထောက်အကူ ဖြစ်စေပါသည်။

ဆက်လက်၍လည်း ပဲပုပ်မျိုးစပ် ပညာရှင်များ (Soybean Breeders) ၏ ကြိုးပမ်းမှုကြောင့် အထွက်စွမ်းအား (Yield Potential) နှင့် ဆီထွက်နှုန်း ပိုမိုသာလွန်သော မျိုးသစ်များလည်း ထပ်မံ၍ သုတေသနရလဒ်အဖြစ် အောင်မြင်စွာ ရရှိနေ ပြီဖြစ်ပါကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနတစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

Source - စိုက်ပျိုးရေးသုတေသနဦးစီးဌာန


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်