စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ စမ်းသပ်စိုက်ပျိုး သုတေသနပြုနေသည့် ဆီထွက်သီးနှံအုပ်စုဝင် မြေပဲမျိုး သစ်များ မကြာမီ ထွက်ရှိနိုင်တော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် ဆီထွက်သီးနှံ သုတေသနဌာနစုရှိ သုတေသနပညာရှင်များမှ သက်လျှင်အထွက်ကောင်း မြေပဲမျိုး သစ်၊ ရေငတ်ဒဏ် ခံနိုင်သော မြေပဲမျိုးသစ်၊ ရွက်ပြောက်ရောဂါ ဒဏ်ခံနိုင်သော မြေပဲမျိုးသစ်နှင့် အစေ့စား မြေ ပဲမျိုးသစ်များကို မျိုးကူးစပ် ရွေးချယ်ရှာဖွေလျှက်ရှိရာ၊ မကြာမီ မျိုးစေ့သစ်များ ထွက်ရှိလာတော့မည်ဖြစ် ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ပြောသည်။
“ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေရှိမယ့် မျိုးသစ် တွေ ရှာဖွေသုတေသနပြု လုပ်ငန်းတွေကို အထူးဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်” ဟု ဦးနိုင် ကြည်ဝင်းက ဆိုသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ