အမြစ်ထွက်ဟော်မုန်းတွေကို ကိုယ်တိုင်လုပ်ဖို့ မခက်ပါဘူး

10/06/2019 15:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မျိုးကောင်းတွေ့ထားတယ်။ ကိုင်းကူးပြီးယူမယ် အိမ်မှာ ပြန်စိုက်ထားမယ်ဆိုပြီး စိတ်ကူးလေးတွေနဲ့ (၄) (၅) အိမ်ကျော်ကိုသွား ကိုင်းလေးကူးထား၊ အိမ်မှာစိုက်မယ်ဆိုပြီး ကိုင်းလေး ဖြတ်ယူလာ ဆိုတာမျိုးလုပ်ဖူးတယ်ဆိုရင်တော့ အောက်ကနည်းလမ်းလေးတွေက တကယ်ကို အသုံးဝင်မယ်ဆိုတာကို အာမခံပါတယ်နော်။ 

အမြစ်ထွက်စေတဲ့ဟော်မုန်းတွေကို ဘာလို့ အသုံးပြုရမလဲ

ကိုင်းကူးတဲ့အပင်တွေကနေ အပင်တွေအကုန်ထွက်တာ မဟုတ်ပါဘူး။ တစ်ချို့တစ်လေကတော့ သေကိုသေကြတာပဲ။ အဲ့တော့ (၁၀၀) စိုက်ရင်  (၇၅) ပင်လောက်ရှင်ဖို့အတွက်ကို အမြစ်ထွက်ဟော်မုန်းတွေကို သုံးလာကြရပါတယ်။ အောက်မှာ ဆက်ပြောပြပေးမှာကတော့ နည်းလမ်း (၆)နည်းပါ။ 

နည်းလမ်း (၁)။ ။ တံတွေးစွတ်ပါ။ 

ကဲ ဘာလိုသေး၊ စမ်းကြည့်ပါနော်။ တံတွေးက သဘာဝကပေးတဲ့ အမြစ်ထွက်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဘယ်လိုအလုပ်လုပ်သလဲတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ လုပ်ကြည့်ပါ။ ကလေးတွေကို ခွက်တစ်လုံးထဲ တံတွေးထွေးခိုင်း၊ ကလေးထိန်းပြီးသားလည်းဖြစ်၊ ကိုယ့်အပင်တွေလည်း အမြစ်ထွက်ပြီးသားဖြစ် ဘယ်လောက်အဆင်ပြေလိုက်လဲဆိုတာ…

နည်းလမ်း (၂)။ ။ ပန်းသီးရှာလကာရည်ကိုသုံးပါ။

ပန်းသီးရှာလကာရည်မှာဆိုရင် အနည်းလိုအာဟာရဓာတ် (၃၀) ကျော်ပါဝင်ပြီးတော့ အပင်တွေကြီးထွားဖို့ အထောက်အကူ ပြုပါတယ်။ နည်းနည်းလေးပဲ သုံးဖို့အကြံပေးပါတယ်။ စကတည်းက ရှာလကာရည်က ပေါင်းသတ်ဆေးဖော်တဲ့နေရာမှာ သုံးတာပါ။ ရေတစ်ဂါလန်ကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၃) ထည့်ပြီးတော့ ကူးမဲ့ကိုင်းတွေကို စိမ်ပေးပြီးမှ ကိုင်းကူတာက ပိုကောင်းပါတယ်။ 

နည်းလမ်း (၃) ။ ။ မီးဖိုချောင်ထဲသွား၊ သစ်ကြပိုးခေါက်ကိုယူ။ 

သစ်ကြပိုးခေါက်က မှိုတွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အဲ့တော့ အမြစ်ထွက်တဲ့ချိန်မှာ ကာကွယ်ပေးနိုင်တာပေါ့။ အစွမ်းကို (၂) ဆ တင်ချင်ရင်တော့ တံတွေးလေးနဲ့ ရောလိုက်ပါ။ သစ်ကြပိုးခေါက်က အပင်တွေ နွမ်းတာကို ကာကွယ်ပေးနိုင်ပါတယ်။ 

နည်းလမ်း (၄)။ ။ ပျားရည်

ပျားရည်နဲ့ လုပ်တာကတော အဆင့် (၃) ဆင့်ရှိပါတယ်။ ရေ (၂) ခွက်ကို ပွက်အောင်တည်၊ ပျားရည် တစ်ဇွန်းထည့်၊ ပြီးတော့ လေလုံဘူးထဲ အအေးခံပြီး အလင်းရောင်မရှိတဲ့နေရာမှာ (၂) ပတ်လောက်ထားပြီးတော့မှ သုံးရမှာပါ။ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းလည်းရှိတာမို့ ကိုင်းတွေကို စိမ်ပြီးတော့ သုံးရမှာပါ။

နည်းလမ်း(၅)။ ။ အက်စပရင်ကို သုံးပေးပါ။ 

ဆေးဆိုင်ကနေဝယ်လာပြီး အမှုန့်ကြိတ် ရေဖျော်ပြီး သုံးပေးရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ ဆေးနဲ့ဆိုတော့ သဘာဝတော့ မဟုတ်တော့ဘူးပေါ့။ 

နည်းလမ်း(၆)။ ။ မိုးမခလက်ဖက်ရည်။

မိုးမခပင် ကိုင်းလေးတွေယူမှာဆိုတော့ အရွက်တွေကိုချွေထားပါ။ ၁ လက်မလောက်အပိုင်းလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။ ဖန်ပုလင်းထဲကိုထည့်ပြီး ပွက်နေတဲ့ ရေနွေးလောင်းပေးပါ။ ရေက ၃ပုံ ၂ပုံ၊ ကိုင်းတွေ ၃ ပုံ ၁ ပုံထည့်ပေးပါ။ ၂၄ နာရီကြာရင် အရည်ကိုစစ်ယူပါ။ ပြီးတော့ သုံးလို့ရပါပြီ။ စိတ်တိုင်းကျဆို နေရောင်ထဲ (၃) ရက်လောက် လှန်းထားလို့လည်းရပါတယ်။ 

သုံးနည်းကတော့ ရေတစ်ဝက်၊ ခုဏက မိုးမခပင်လက်ဖက်ရည်တစ်ဝက် ထည့်ပြီးတော့ မစိုက်ခင်မှာ စိမ်ထားပေးရမှာဖြစ်ပါတယ်။ နာရီတော်တော်ကြာအောင် စိမ်ထားပေးမှ ကိုင်းထဲကို စိမ့်ဝင်မှာဖြစ်ပါတယ်။ စိုက်လိုက်ပြီဆိုရင်လည်း (၂) ခါလောက်တော့ မိုးမခပင်ရေ လောင်းပေးလိုက်ရင် အပင်မြန်မြန်ထွက်ပြီး သန်မာစေပါတယ်။ 

ကဲ ကိုင်းကူးကြမဲ့  ညီအကိုမောင်နှမများ အကျိုးထူးကြပါစေ။

ထွန်းဝင်းကျော်

Reference : https://preparednessmama.com/natural-rooting-hormone/?fbclid=IwAR11jSAcrNyL9UwzTiWBfAMo2tfzpzkVglqfGoeXnBhk9jyZt1DfOR3gbKs


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်