ပြောင်းဖူးပင်အတွက် စနစ်တကျ အာဟာရစီမံခန့်ခွဲမှု

18/05/2021 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေသြဇာနှုန်းထား

(က) မြေပြင်ချိန်     - တစ်ဧက - ယူရီးယားအိတ်ဝက်(၅၆)ပေါင်၊ တီစူပါတစ်အိတ်(၁၁၂)ပေါင်၊ ပိုတက်ရှ်အိတ်ဝက် (၅၆) ပေါင် နူန်း 

(ခ) ၂၀-၂၁ရက်သား - တစ်ဧက - ယူရီးယားအိတ်ဝက် (၅၆) ပေါင်၊ ပိုတက်ရှ် ၁/ ၄ (၂၈) ပေါင်နူန်း 

(ဂ) ၃၅-၄၀ရက်သား- တစ်ဧက - ယူရီးယားတစ်အိတ်(၁၁၂) ပေါင်၊ ပိုတက်ရှ် ၁/ ၄ (၂၈) ပေါင်နူန်း 

အပင်ပြုစုမှုနည်းစနစ်

(က) မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ထွန်ရေး ညက်ညက် ရရှိ အောင်ဆောင်ရွက်ပါ။

(ခ) တစ်ဧက အပင်ဦးရေ ၂၃၀၀၀ မှ ၂၅၀၀၀ ထိရရှိအောင် တန်းကြား ၃၀ လက်မ၊ ပင်ကြား ၉ လက်မဖြင့် စိုက်ပါ။

(ဂ) အပင်ပေါက်ညီညာစေရန် မျိုးစေ့ကို (၂) လက်မ၊ (၂) လက်မ ခွဲ အနက်တွင် တညီတည်းစိုက်၍ ကြမ်းဖြင့် ဖုံးပေးပါ။

(ဃ) သဘာဝမြေသြဇာကို ရနိုင်သမျှထည့်သွင်းပါ။ ဓါတ်မြေသြဇာထည့်သွင်းရာတွင်- 

•     မြေပြင်ချိန်တွင် တစ်ဧကလျှင် ယူရီးယားတစ်အိတ် (၁၁၂) ပေါင်၊ တီစူပါတစ်အိတ် (၁၁၂) ပေါင်၊ ပိုတက်ရှ်အိတ်ဝက် (၅၆) ပေါင်နှုန်းတို့ကို ညီညာစွာကြဲပက် ထည့်သွင်းပါ။ 

•     ၂၀-၂၁ ရက်သားတွင် တစ်ဧကလျှင် ယူရီးယားအိတ်ဝက် (၅၆) ပေါင်၊ ပိုတက်ရှ် ၁/ ၄ (၂၈) ပေါင်နှုန်းထည့်၍ ငါးသွားသံထွန် (သို့) ထွန်တိုဖြင့် ကြားလိုက်ပါ။ 

•     ၃၅-၄၀ ရက်သားတွင် တစ်ဧကလျှင် ယူရီးယား တစ်အိတ် (၁၁၂) ပေါင်၊ ပိုတက်ရှ် ၁/၄ (၂၈) ပေါင်နှုန်းထည့်၍ ဘောင်တင်ပေးပါ။ 

(င) အပင်ပေါက်စုံပြီးနောက် (၁၄) ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပင်ခွဲပါ။ 

(စ) စိုက်ကွက်အတွင်း ရေမဝပ်စေရန် စီစဉ်ဆောင်ရွက်ပါ။ အထူးသဖြင့် စိုက်ပျိုး ပြီးသည်မှ တစ်လအတွင်း ရေမဝပ်စေရန် အထူးအရေးကြီးပါသည်။ 

(ဆ) အပင်ပေါက်စုံပြီးနောက် ၃၅-၄၀ ရက်သား ဘောင်တင်ပြီးသည်အထိ ပေါင်းမြက်များ ကင်းစင်အောင်ပြုလုပ်ပါ။ 

(ဇ) ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ နို့ရည်တည်ချိန်တို့တွင် အစိုဓါတ်လုံ လောက်ရန် လိုအပ်ပါသည်။ လိုအပ်လျှင် စိုက်ခင်းအတွင်း ရေမဝပ်စေဘဲရေသွင်းပေးရမည်။ 

(စျ) စိုက်ပျိုးချိန်တွင်လည်းကောင်း၊ အဖူးနို့ရည်တည်ချိန်တွင်လည်းကောင်း၊ ကြွက်ဝမ်းပူများ ဖျက်ဆီးတတ်သောကြောင့် စိုက်ခင်းပတ်ဝန်းကျင် ကြွက်အောင်းနိုင်သောနေရာများအား ရှင်းလင်းပေးရန်နှင့် စိုက်ခင်းပတ်လည် ကြွက်ဆေးချပေးပါ။

(ည) ပြောင်းဖူးများ အခွံဖက်အဝါရောင်သမ်းစပြုပြီး ပြောင်းဖူးစေ့အညှာကို လက်သည်းဖြင့် ခြစ်ကြည့်ပါက အမဲရောင်အမှတ် (Black Layer) တွေ့ရှိချိန်တွင် ရင့်မှည့်ပြီဖြစ်၍ စနစ်တကျဖက်ခွာအခြောက်လှန်းပါ။ 

ယခုဆောင်းပါးကို KMSS အဖွဲ့မှ ပံ့ပိုးကူညီထားပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်