အဆင့်မြင့် မြေတိုင်းသင်တန်း အမှတ်စဉ် (၉) ဖွင့်လှစ်ခြင်း

22/07/2015 10:57 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်မြောင်းဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့မှ ပူးပေါင်းဖွင့်လှစ် သင်ကြားမည့် အဆင့်မြင့် မြေတိုင်းသင်တန်း အမှတ်စဉ် (၉) ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၂၅ ရက် (စနေနေ့) တွင် ဆည်မြောင်းရုံးချုပ် (ရန်ကင်း) ၌  ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။ သင်တန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံ ဘူမိ သိပ္ပံအသင်း ရုံးခန်း၊ အခန်း (၃၀၃) သုံးလွှာ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အုံ၊ လှိုင်နယ်မြေ၊ လှိုင်မြို့နယ် ဖုန်း - ၀၉-၄၅၀၀၅၁၃၁၀၊ ၀၉-၇၉၉၆၉၈၁၂၈၊ ၀၉-၅၀၂၅၉၇၂၊ ၀၁-၅၆၄၅၁၇ သို့ ဆက်သွယ်စုံစမ်း၍ လာရောက်အပ်နှံနိုင်ပါကြောင်း သတင်းရရှိပါသည်။

ကိုးကား၊ မြန်မာ့အလင်း


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်