လိမ္မော်သီးဈေးကွက် ဈေးကွက်မပြတ်လည်ပတ်လျက်ရှိနေ

12/08/2021 17:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သစ်သီးဝလံများအနက် ရက်အသင့်အတင့်အထားခံသည့် လိမ္မော်သီးဈေးကွက်မှာ ဈေးနှုန်းကျဆင်းခြင်းမျိုးမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိနေကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများက ပြောသည်။

ခူးသီးရှိတဲ့အချိန်ဆိုရင် ခြံမှာတင်ပဲ အသီးကကုန်တာ။ အခုချိန် အသီးထွက်တဲ့ခြံတွေလည်း အရင်ကထက် ဈေးပိုရနေကြပါတယ်။ လိမ္မော်သီးက တခြားအသီးထက်စာရင် ရက်နည်းနည်း ပိုအထားခံတာကြောင့် ဒီနေ့ရောင်းမရ နောက်နေ့ထား၊ နောက်နေ့ရောင်းမရ နောက်နေ့ထားလို့ရတယ်လေ။ တချို့သစ်သီးတွေကျတော့လည်း ရက်လွန်လို့ကို မရဘူးလေ။ လိမ္မော်သီးကတော့ အခွံလေးပါးပြီး ခြောက်လာတာပဲရှိမယ်။ အထဲထဲက အသီးက တအားမပျက်စီးသွားဘူးလေ။

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ စီးပွားဖြစ်လိမ္မော်ပင်စိုက်ပျိုးသူ ဦးဖိုးတာက ပြောသည်။

    လိမ္မော်သီးပင်များသည် ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးချိန်နှင့် ရာသီဥတုအနေအထား၊ ရေမြေအနေအထားတို့အပေါ်မူတည်၍ အသီးသီးချိန်ကွဲပြားလေ့ရှိပြီး၊ အများအားဖြင့် မတ်လ၊ ဧပြီလပိုင်းတို့၌ စတင်အသီးသီးပြီး၊ အောက်တိုဘာလပိုင်းတွင် ပေါများစွာ အသီးခူးဆွတ်နိုင်ပြီဖြစ်ကြောင်း  ဧရာဝတီတိုင်းဒေသကြီးရှိ လိမ္မော်ခြံများမှ သိရသည်။

အခုလပိုင်းတွေမှာ မျိုးကိုင်းဖြတ်ထားတာမို့ အပင်တွေက ခပ်ပုပုတွေဖြစ်နေတယ်။ အပင်ကြီးချိန်တွေမှာဆို အပင်တစ်ပင်ကို အချိန်နှစ်ဆယ်၊ အစိတ်၊ အချိန်သုံးဆယ်လောက်ကို လိမ္မော်သီးပင်တွေက အသီးထွက်နှုန်းကောင်းတယ်။ ဒီနှစ်က ပိုးမွှားရောဂါကျရောက်မှုလည်း မများပါဘူး။ အပင်တွေမှာ အခွံတွေမှာတော့ မှိုတော့ နည်းနည်းထူလာတဲ့သဘောရှိတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    လတို ရက်တို စိုက်ပျိုးထုတ်လုပ်ရသည့် ဟင်းသီးဟင်းရွက်နှင့် တချို့သီးနှံပင်များ ဈေးကွက်ထိခိုက်မှုများ ကြုံတွေ့ရသော်လည်း နှစ်ရှည်သီးနှံအမျိုးအစားဖြစ်သည့် လိမ္မော်ပင်စိုက်ပျိုးသူများတွင် ထိခိုက်မှု ကြီးကြီးမားမားကြုံတွေ့ရခြင်းမရှိဘဲ ဈေးကွက်လည်ပတ်နေကြောင်း သိရသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်