မှိုစိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ ဖွဲ့စည်း

26/09/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   တတိယမြောက် မှိုစိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ကို စက်တင်ဘာလ (၂၃) ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှ သိရပါတယ်။

   တတိယမြောက်မှိုအစုအဖွဲ့ကို နေပြည်တော်မှာ ဖွဲ့စည်းသွားတာဖြစ်ပြီး အခြားပြည်နယ်နဲ့တိုင်းများမှာလည်း ထပ်မံဖွဲ့စည်းသွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှ ဥက္ကဌ ဦးတင်အောင်က ပြောပါတယ်။

    “နေပြည်တော်ကောင်စီမှာ တတိယမြောက်မှိုအစုအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ မှိုစိုက်ပျိုးမှုအားကောင်းတဲ့ နေရာတွေမှာလည်း ထပ်မံဖွဲ့သွားမှာပါ။ သက်ဆိုင်ရာဌာနတွေကလည်း မှိုနည်းပညာတွေလည်းပေးသွားမယ်။ မြို့နယ်အလိုက်စုထားတာလေးတွေရှိတော့ ရှမ်းပြည်နယ်မှာလည်း ဖွဲ့သွားဖို့ရှိတယ်”

   ယခုနှစ် အောက်တိုဘာလအတွင်းမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ မှိုအစုအဖွဲ့များ ဖွဲ့သွားဖို့အတွက်လည်း စီစဉ်လုပ်ဆောင်နေတာဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရပါတယ်။ 

   အဆိုပါ မှိုအစုအဖွဲ့ဖွဲ့စည်းမှုကို စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအဖွဲ့မှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်