ကြောင်လျှာသီးတောင့်ဈေးကွက် အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေ

14/01/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ကြောင်လျှာသီးတောင့်ဈေးကွက် အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေကြောင်း ကုန်ကြမ်းဝယ်ယူရောင်းချနေသူများက ပြောသည်။

ကြောင်လျှာသီးတောင့် ဝယ်ရတာကလည်း မလွယ်ပါဘူးဗျာ။ ဒီဘက်မှာက အသီးနုက စားဖို့အတွက် ဈေးကွက်ရှိတော့ အသီးနုအတွက်ကို ဈေးတစ်မျိုးနဲ့ ရောင်းနေပါတယ်။ စားလို့မရတော့တဲ့ ကြောင်လျှာသီးအရင့်ကိုပါ အသီးအနုဈေးမျိုး တောင်းလာကြတာပါ။ ကြောင်လျှာသီးအရင့်ကနေ ကြောင်လျှာဆံထုတ်ဖို့ဝယ်တဲ့အခါ အသီးအနုဈေးလောက် တောင်းနေကြတာက ခက်ပါတယ်။

ဟု ပြည်မြို့မှ ကြောင်လျှာသီးဝယ်ယူရောင်းချနေသူ ကိုနိုင်ရဲဇော်က ပြောသည်။

    ကြောင်လျှာသီးအနုတောင့် တစ်တောင့်လျှင် (၁၄၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

ကြောင်လျှာသီးထဲကအဆံကို တရုတ်ဘက်က ဝယ်နေတာပါ။ ပရဆေးလိုင်းက ပရဆေး ကုန်ကြမ်းသမားတွေက ဝယ်ကြတာပါ။ နေလှဲ့စေ့၊ သစ်ခွ၊ ငုသီး၊ တပင်တိုင်မြက်၊ တောင်ကြာဥ စတာတွေ ဝယ်တဲ့သူတွေပေါ့။  မနှစ်က ထိုင်းကလည်း ဝယ်ပါတယ်။ အသီးအနုကိုတော့ ရန်ကုန်ပို့တာထင်တယ်။ အသီးအနုကိုတော့ ကုန်စိမ်းသမားတွေ ဝယ်ကြတာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် ကြောင်လျှာသီးကို ထမင်းဖြင့် တွဲဖက်စားစရာ အတို့အမြှုပ် စားစရာအဖြစ်လည်းကောင်း၊ ဆေးဝါးဓာတ်စာအဖြစ်လည်းကောင်း စားသုံးလေ့ရှိပြီး၊ စီးပွားဖြစ်စိုက်ခင်းများအနေဖြင့်မူ စိုက်ပျိုးမှုမရှိသလောက် ရှားပါးကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်