၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ အဓိကဆန်စပါးဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုလိုက်သည်။
“ စျေးနှုန်းကျဆင်းမှုမှာ ကိုယ်တို့ရဲ့ပုံမှန်တင်ပို့မှုလုပ်နေတဲ့ တရုတ်စျေးကွက်ကြီးဟာ ဒီနှစ်မှာ ၈၀ ရာခိုင်နှုန်း လောက် လျော့သွားတယ်။ နယ်စပ်တင်ပို့မှု လျော့သွားတဲ့အပြင် ပင်လယ်ရေကြောင်းတင်ပို့မှုမှာ EU က GSP အခွင့်အရေး(ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး)နဲ့ ပတ်သက်ပြီး ဆန်လုံးရှည်တွေကို GSP ရုပ်သိမ်းခဲ့ တယ်။ ဒါကြောင့်မို့လို့ ဝယ်လိုအား ကျဆင်းတယ်။ စျေးကွက်တွေ နည်းနည်းလျော့သွားတယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်