မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများကို စတင်တင်ပို့နေပြီဖြစ်ကြောင်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပ ညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
အခုလက်ရှိမှာ မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့တရုတ်ကို ပြန်လည်စတင်တင်ပို့နေပြီ ဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
အခုကတော့ ပြန်ပြီးတော့ တင်ပို့နေပြီပေါ့။ ထိုင်းလည်းသွားတယ်၊တရုတ်လည်းသွားနေပါတယ်။ လမ်းကြောင်းအခြေအနေလေးပြန်ကောင်းတော့ အဆင်ပြေသလောက် ထိုင်းဘက်ကို တင်ပို့နေရတာပေါ့
မြန်မာ့ငရုတ်ကို ထိုင်း ၊ တရုတ်အပြင် အခုလကုန်မှာလည်း မလေးရှားနိုင်ငံကို တင်ပို့တော့မှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ငရုတ်ကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်တဲ့ကျောက်ဆည်နဲ့ မြန်မာနိုင်ငံအောက်ပိုင်း ဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးစျေးကွက် နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ