မြန်မာလူမျိုးများက အခါးဓာတ်ကို ကျန်းမာရေးအတွက်လိုအပ်သော ဓာတ်ဖြစ်သည်ဟု ရိုးရာပရဆေး ပညာအရ လက်ခံကြသည်။ ထို့ကြောင့် ကြက်ဟင်းခါးသီးကို ဟင်းအနေဖြင့် ချက်ပြုတ်စားသောက် ကြသည်။ ကြက်ဟင်းခါးသီးတွင် အယ်ကာလွိုက် (Alkaloid) ဓာတ်ပါဝင်သည်။
အသုံးပြုသည့်အစိတ်အပိုင်း
အရွက်၊ အသီး။
အသုံးပြုနည်း
အရွက်၊ အသီးတို့ကို ထုထောင်းပြီး အဝတ်စနှင့်စစ်ယူကာ ရရှိလာသောစစ်ကျရည်ကို အသုံးပြုခြင်း ဖြစ်သည်။ အရွက်များကို ကိုက်ဖြတ်စားသောက်သော ပိုးလောက်ကောင်၊ ခူကောင်၊ ကျိုင်းကောင်များကို ကာကွယ်နိုင်သည်။
အပင်အခြေခံပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲခြင်းစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ