စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရကျောင်းသားဟောင်းများအသင်း AUAA ရန်ကုန်ရုံးခွဲမှ စီစဉ်သည့် စကားဝိုင်း ဆွေးနွေးပွဲကို “ဥပဒေရှိတဲ့ ပိုးသတ်ဆေးအကြောင်း” ခေါင်းစဉ်ဖြင့် (၂၉. ၉. ၂၀၁၈) စနေနေ့၊ နံနက် (၉)နာရီမှ (၁၁)နာရီထိ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ ကြို့ကုန်းတွင် ကျင်းပသွားမည် ဖြစ်ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဦးအောင်ကျော်ဦး (ညွှန်ကြားရေးမှူး၊ သီးနှံကာကွယ်ရေးဌာနခွဲ)၊ ဒေါ်ခင်မိုးခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ဥယျာဉ်/ဇီဝ)၊ ဦးခင်မောင်လင်း (တောင်သူ)၊ Mr. Bae Do Chan, Agriculture Specialist – KOICA၊ ဒေါ်ခင်သက်ရီ (Regulatory Manager, Bayer Co.,Ltd.) တို့က ရှုဒေါင့်အသီးသီးမှ ဆွေးနွေးကြမည် ဖြစ်ပြီး မည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရပါသည်။
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်