“ဥပဒေရှိတဲ့ ပိုးသတ်ဆေးအကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်းကျင်းပပြုလုပ်မည်

24/09/2018 17:30 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရကျောင်းသားဟောင်းများအသင်း AUAA ရန်ကုန်ရုံးခွဲမှ စီစဉ်သည့် စကားဝိုင်း ဆွေးနွေးပွဲကို “ဥပဒေရှိတဲ့ ပိုးသတ်ဆေးအကြောင်း” ခေါင်းစဉ်ဖြင့် (၂၉. ၉. ၂၀၁၈) စနေနေ့၊ နံနက် (၉)နာရီမှ (၁၁)နာရီထိ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ ကြို့ကုန်းတွင် ကျင်းပသွားမည် ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဦးအောင်ကျော်ဦး (ညွှန်ကြားရေးမှူး၊ သီးနှံကာကွယ်ရေးဌာနခွဲ)၊ ဒေါ်ခင်မိုးခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ဥယျာဉ်/ဇီဝ)၊ ဦးခင်မောင်လင်း (တောင်သူ)၊ Mr. Bae Do Chan,  Agriculture Specialist – KOICA၊ ဒေါ်ခင်သက်ရီ (Regulatory Manager, Bayer Co.,Ltd.) တို့က ရှုဒေါင့်အသီးသီးမှ ဆွေးနွေးကြမည် ဖြစ်ပြီး မည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်