ကြက်သွန်နီတွင် ကျရောက်တတ်သော ဖျက်ပိုးများ

10/01/2018 16:11 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ ပိုးနဂါး (Common cutworm) ( Spodoptera litura)

ဖျက်စီးမှုလက္ခဏာ

ပျိုးခင်းတွင် ဆိုးဝါးသည်။ ငယ်စဉ်တွင် အရွက်အစိမ်းပိုင်းကို ခြစ်စားသည်။ အစုလိုက် အပြုံလိုက် စားသည်။ အကောင်ကြီးလာသောအခါ အရွက်ကို ကိုက်စားသည်။ အရွက်များ အဖြူကွက်ဖြစ်ပြီး စုတ်ပြတ်နေသည်။

ဘဝစက်ဝန်းမှာ ဥဘဝ (၄) ရက်၊ လောက်ကောင် ဘဝ (၂၀) ရက်နှင့် ရုပ်ဖုံး တစ်ပတ်ခန့် ကြာပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • အရွက်အောက်တွင်ရှိသော ဥ အစုများ၊ အကောင်ငယ် အစုများကို ယူ၍ ဖျက်ဆီးပစ်ပါ။
  • ဥမြုံတွေ့ပြီး တစ်ပါတ် (သို့) ပိုးကောင်ငယ် အစုများ တွေ့ပြီး (၃) ရက် အချိန်တွင် ထိတွေ့ ပိုးသတ်ဆေး တစ်မျိုး သုံးပါ။ ဥပမာ- မြန်မာ ဇီနွန် (Myanmarzinon) ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း နှင့် မြန်မာဖန်သို(Myanmarphentho) ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း ဖြန်းပါ။ ဆေးနှစ်ခုလုံး၏ PHI မှာ (၇) ရက် ဖြစ်သည်။
  • လာဗင်(Larvin 375) ကို တစ်ဧကလျှင် (၂၀၀) စီစီနှုန်း ဖြန်းပါ။ ဆေး၏ PHI မှာ (၁၄) ရက် ဖြစ်သည်။

မှတ်ချက်။ PHI (Pre Harvest Interval)ဆိုသည်မှာ ပိုးသတ်ဆေးဖြန်း အသုံးပြုပြီးနောက် သီးနှံများ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလ။

ပိုးသတ်ဆေး တစ်မျိုးချင်း သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလသည် ကွာခြားမှု ရှိပါသည်။

၂။ သရစ်ပိုး(ကြက်သွန်နီသရစ်) (Onion thrips)(Thrips tabaci)

ဖျက်စီးမှုလက္ခဏာ

အရွက်များသည် ငွေရောင်ပြောင်း၍ ခြောက်ပြီး လိပ်ကုန်သည်။ များစွာ ကျပါက အပင်အားနည်းကုန်ပြီး ညှိုးသွားသည်။ အပင်ငယ်တွင် ကျပါက အပင်သေနိုင်သည်။

ဘဝစက်ဝန်းမှာ ဥအဆင့် (၅) ရက်၊ အကောင်ငယ် အဆင့် (၁၃) ရက်နှင့် အကောင်ကြီး (၁) လခန့် ကြာပါတယ်။

ကာကွယ်နှိမ်နင်းနည်းများ

 

  • အက်ဆင့် (Ascend 50 SC )ဆေးကို တစ်ဧကလျှင် (၁၀၀) စီစီနှုန်းဖြင့် အရွက်များပေါ်သို့ ဖြန်းပါ။ မရိတ်သိမ်းမီ (၇) ရက်အလိုအထိ ဖြန်းနိုင်သည်။ ဆေး၏ PHI မှာ (၇) ရက် ဖြစ်သည်။
  •  စီဗင် (Sevin 85 WP) ဆေးကို တစ်ဧကလျှင် (၁/၂) ကီလိုနှုန်းခန့် သုံး၍ အရွက်များသို့ ဖြန်းပါ။ ဆေး၏ PHI မှာ (၇) ရက် ဖြစ်သည်။
  • ပေါင်းမြက်များ ရှင်းလင်းပါ။
  • ကြက်သွန်နီ တစ်ပင်၊ နှစ်ပင်ခန့်တွင် စတွေ့ပါက တွေ့တွေ့ချင်း ဒိုင်ယာဇီနွန်( Diazinon 40 EC) သို့မဟုတ် မာလာသီယွန် (Malathion) တစ်မျိုးမျိုးကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း ဖြန်းနိုင်သည်။ PHI များမှာ (၁၄)ရက်နှင့် (၇) ရက် ဖြစ်ပါသည်။

ဓာတ္ပံု- သရစ်ပိုးကျရောက်မှုလက္ခဏာ

၃။ ပင်ဖြတ်ပိုး (Black cutworm) (Agrotis ipsilon)

ကျရောက်မှုလက္ခဏာ

အကောင်ငယ်များသည် အရွက်များပေါ်တွင် စားသောက် ဖျက်ဆီးပြီး အကောင်ကြီးများသည် အပင်ရင်းမှ ကိုက်ဖြတ်ချသည်။ ပျိုးပင်ပေါက်များကို အပင်ရင်း မြေကြီးရင်းမှ ဖြတ်ချသည်။ လောက်ကောင်ပေါင်းများစွာကို ကိုက်ဖြတ်နိုင်သည်။

ဘဝစက်ဝန်းမှာ ဥ အဆင့် (၇) ရက်၊ အကောင်ငယ် အဆင့် (၄) ပါတ်၊ ရုပ်ဖုံး (၂၀) ရက်ခန့် ကြာပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • ပေါင်းမြက်များကို ရှင်းလင်းပါ။
  • မိမိစိုက်ခင်းအား ကင်းထောက်ပါ။ေ
  • မြေကြီးထဲသို့ ရီဂျင့် (Regent 3 GR) ကို တစ်ဧကလျှင် (၃)ကီလို (သို့မဟုတ်) ဖျူရာဒန် (Furadan 3 G) ကို တစ်ဧကလျှင် (၅)ကီလိုခန့် ထည့်၍ စိုက်ပျိုးပါ။ လောက်ကောင်တွေ့ပါက ဆူမီသီယွန် (Sumithion 50 EC)ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း ဖြန်းပါ။ PHI မှာ (၇) ရက် ဖြစ်ပါသည်။
  • စီဗင် (Sevin)ကို တစ်ဧကလျှင် (၁/၂) ကီလိုနှုန်းသုံးပါ။ PHI (၇) ရက် ဖြစ်ပါသည်။
  • တမာပိုးသတ်ဆေးကို ရေ (၁) ဂါလန်တွင် (၆၀) စီစီနှုန်း ဖျော်၍ ပျိုးပင်ပေါက်ချိန်မှ စတင်ပြီး တစ်ပတ် တစ်ခါ မှန်မှန် ဖြန်းပါ။
  • ဓာတ်ပုံ- ပင်ဖြတ်ပိုး လောက်ကောင်
  • ၄။ ပျပိုး (Aphid) (Lipaphis erysimi)

    ဖျက်စီးမှုလက္ခဏာ

    ကြက်သွန်နီ အရွက်များကို စုပ်စားသည်။ အရွက်များ ခြောက်ကုန်သည်။ ဗိုင်းရပ်(စ်) ရောဂါကို သယ်ဆောင်နိုင်သည်။

  • ဘဝစက်ဝန်းမှာ ဥအဆင့် (၁၀) ရက်၊ အကောင်ငယ် (၁) လ၊ အကောင်ကြီး (၁လခွဲ)။

    ကာကွယ်နှိမ်နင်းနည်း

    • ပေါင်းမြက်များ ရှင်းလင်းပါ။
    • တမာ ပိုးသတ်ဆေးကို ရေ (၂) ဂါလန်တွင် (၆၀) စီစီနှုန်း တစ်ပတ် တစ်ခါ ပက်ဖျန်းပါ။
    • စီဗင် (Sevin 85 WP) ကို တစ်ဧကလျှင် (၁) ကီလိုနှုန်းဖြင့် အရွက်များ ဖြန်းခြင်း (သို့) မာလာသီယွန်( Malathion) ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း အသုံးပြု နိုင်သည်။ ဆေး၏ PHI မှာ (၃) ရက်နှင့် (၇) ရက် ဖြစ်သည်။
    • ဓာတ်ပုံ- ပျပိုး အကောင်ငယ်

      အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Agri- Mobile App)

      မှတ်ချက်- စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  စိုက်ပျိုးရေး ဦးစီးဌာန (www.doa.gov.mm)မှ စိုက်ပျိုးရေး နည်းပညာများ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်