ရော်ဘာရောဂါတစ်မျိုးဖြစ်သည့် သီးပုပ်ရွက်ကြွေ၊ ရွက်ပုပ်ရောဂါ (Phytophthora leaf fall)

11/01/2018 15:23 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရော်ဘာပျိုးခင်းအပြင်၊ အပင်ကြီးများ၌လည်း ကျရောက်သဖြင့်ရော်ဘာ အစေးထွက်နှုန်း ၅% မှ ၅၀% အထိ ကျဆင်းတက်ပါသည်။

၁။ ရောဂါဖြစ်တတ်သော ရာသီဥတု အခြေအနေ

 တစ်နေ့ကိုနေရောင်ခြည် (၃) နာရီထက်နည်းခြင်း။ အပူချိန် (၂၈ံ) ထက်နည်းခြင်း။  မိုးရေချိန်တစ်နေ့ကို ( ၀.၁ )လက်မထက် များခြင်း။  စိုထိုင်းဆ၈၀%ထက်များခြင်း။ ဤအခြေအနေမျိုး (၄) ရက်ဆက်တိုက်ဖြစ်ပွားလျှင် Phytophthora leaf fall ရောဂါပြင်းထန်စွာ ကျရောက်မည်ဟု ခန့်မှန်းနိုင်ပါသည်။ ဤရောဂါသည် မုတ်သုန်ရာသီဥတုအစ ဇွန်၊ ဇူလိုင် မှအစပြု၍ ကျရောက်တတ်ပါသည်။

၂။ လက္ခဏာ (Symptom)

ပျိုးပင်၏ ထိပ်ပိုင်းမှစ၍ ကျတက်ပါသည်။ အရွက်နုများသည် တွန့်လိပ်၊ အနားများညှိုးခြောက်၊ အညှာပါကြွေကျလာပါသည်။ ပျိုးပင်၏ ထိပ်ပိုင်း၌ အရွက်မရှိဘဲ၊ အောက်ပိုင်း၌ အရွက်ရင့် များကိုသာတွေ့ရတတ်ပါသည်။ ရောဂါပြင်းထန်စွာ ကျရောက်ပါက အရွက်ရင့်များပါကြွေကျပြီး ပျိုးပင်သည် အရွက်သစ် ထပ်မံမထွက်နိုင်၍ ထိပ်ဖျားခြောက်လာပြီး (die back) ဖြစ်၍သေဆုံးသွား ပါသည်။

အပင်ကြီးများ၌ အရွက်ရင့်များတွင်ရောဂါကျနေပြီးရောဂါရသော အရွက်များသည် ရွက်ညှာနှင့် တွဲ၍ကြွေကျပြီး အရွက်ရိုးတံ၌ ရေနာကွက် ဖြစ်နေသည်ကိုတွေ့ရပြီး ၎င်းရေနာကွက်နေရာမှရော်ဘာ အစေးခဲစိမ့်နေပါသည်။ ရေနာကွက်သည် အညိုရင့်မှ အမည်းရောင်ရေစိုနာဖြစ်လာပြီး ရွက်ညှာရင်းများ၌ ပို၍တွေ့ရတတ်ပါသည်။ ရေစိုနာကွက်များကို ရွက်ပြား၊ ရွက်လည်ကြောရိုး နှင့် အခြားနေရာများ၌လည်းတွေ့ရှိ ရပါသည်။ ရောဂါရ၍ကြွေသော အရွက်၏ ရွက်ညှာ(Petiole)ကို လှုပ်ကြည့်ပါက ရွက်ညှာများ အလွယ်တကူကြွေကျသည်ကိုတွေ့ရှိရပြီးမှ ရွက်ညှာရင်း၌ရော်ဘာအစေးခဲ မရှိသည်ကိုတွေ့ရှိ ရပါသည်။

လေတိုက်၍ကြွေကျသော အရွက်၏ ရွက်ညှာကို လှုပ်ကြည့်ပါက ရွက်မွှာများ အလွယ်တကူ မပြုတ်သည်ကိုတွေ့ရှိရပြီး ရွက်ညှာရင်း၌ရော်ဘာစေးခဲ ရှိသည်ကိုတွေ့ရပါသည်။ ရောဂါပြင်းပြင်းထန်ထန် ကျရောက်ထားသော အချို့အကိုင်းများသည် ပုံမှန်အရွက် ပြန်ထွက်ချိန်၌ အရွက်ပြန်မထွက်ဘဲ ကိုင်းများခြောက် သွားသည်ကိုတွေ့ရှိ ရပါသည်။

၃။ ပျံ့နှံ့ပုံ

Phytophthora မှိုရောဂါသည် စိုက်ခင်းထဲရှိမြေကြီးအတွင်း၌ ခိုအောင်းပွားများနေပြီးနောင်နှစ် မုတ်သုံရာသီရောက်သည့် အချိန်တွင် မိုး၊ ရေ၊ လေတို့နှင့်အတူရော်ဘာပင်ကို ရောဂါကျရောက်စေ သည်။ ရောဂါသည် အသီး၊ အရွက်၊ ရွက်ရိုးတံ၊ ကိုင်းနု၊ ကိုင်းစိမ်းတို့ဆီသို့ တစ်ဖြည်းဖြည်းရောက်ရှိ သွားသည်။

၄။ ရောဂါဖြစ်စေသော သက်ရှိ (Pathogen)

Phytophthorapalmivora - မလေးရှား

Phyrophrhora botryosae -မြန်မာ

Phytophthora meadii - သီရိလင်္ကာ၊ အိန္ဒိယ

၅။ ကာကွယ်နှိမ်နှင်းနည်း (Control)

မိုးရာသီကုန်တွင် အပင်၏ အကိုင်းအခက်၊ အသီးပုပ်၊ အခေါက်ဆွေးများကို မီးရှို့ဖျက်ဆီးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုရွေးချယ် စိုက်ပျိုးပါ။ Copper ပါသောမှိုသတ်ဆေး (Funguran 0.2 %) ဖျန်းနိုင်ပါသည်။

နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံဖြိုးရေးဌာန (မော်လမြိုင်)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်