ပဲဈေး အနိမ့်ဆုံးသို့ ရောက်ရှိပါက ထိန်းညှိဝယ်ယူပေးသွားမည်

21/02/2019 11:31 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အိန္ဒိယနိုင်ငံ၏ မူဝါဒ အပြောင်းအလဲများကြောင့် ပြည်တွင်း၌ ပဲဈေးနှုန်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့ပါက ထိန်း ညှိဝယ်ယူပေးရန် ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်း ကိုဦးက ပြောသည်။

အိန္ဒိယနိုင်ငံဘက်မှ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှ စတင်၍ ၎င်းတို့ဆိပ်ကမ်းရောက် ကုန်ပစ္စည်းများကို အ ကောက်အခွန် ရှင်းလင်းခြင်း ရပ်ဆိုင်းလိုက်သည့် အကျိုးဆက်ကြောင့် ပဲပုံမှန်ဝယ်ယူနေသော အိန္ဒိယဝယ် လက်များမှာ လက်ရှိအချိန်ထိ ဝယ်ယူမှု ရပ်တန့်ထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်း၌ ပဲဈေးနှုန်းများ ကျ ဆင်းခဲ့သဖြင့် တောင်သူများ နစ်နာမှုမရှိစေရန် ပဲကုန်သည်များမှ ဈေးနှုန်းတစ်ခု သတ်မှတ်၍ တောင်သူများထံမှ ပဲဝယ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

“ ပုဂ္ဂလိကနဲ့ အစိုးရ အားချင်း ခေါင်းချင်းဆိုင်ပြီး နောက်ဆုံးအကြမ်းဖျဉ်း ဆွေးနွေးတဲ့ အနေအထားမှာတော့ ဘာပဲဖြစ်ဖြစ် အိန္ဒိယဘက်ကို ကိုတာ သီးသန့်ရအောင် တောင်းဆိုဖို့က တစ်ကဏ္ဍပေ့ါ။ ပြည်တွင်းမှာလည်း ငွေရေးကြေးရေး လိုအပ်တယ်ဆိုရင် ချေးငွေတွေ နိုင်ငံတော်ဘက်က ချပေးဖို့ ကြိုးစားမှာဖြစ်သလို၊ ကုန်သည် တွေ ဘက်ပိုင်းကလည်း အကယ်၍များ ပဲဈေးနှိမ့်သွားတာမျိုးရှိရင် ရှိတဲ့ပဲကို ထိန်းဝယ်ပေးနိုင်ဖို့ ပြင်ဆင်ထား ပါတယ်။ ပြင်ဆင်တဲ့ အတိုင်းကြိုးစားပြီး လုပ်ရမယ်လို့ပဲ ယူဆပါတယ်” ဟု ဦးမင်းကိုဦးက ဆိုသည်။

သို့သော် ပြည်တွင်း၌ လက်ကျန်ပဲနည်း၍ ယခုနှစ်ပဲဈေးနှုန်းမှာ ယခင်နှစ်ကဲ့သို့ ထုတ်လုပ်မှု့ ကုန်ကျစရိတ် ဝန်း ကျင်ခန့်ထိ နိမ့်ကျမှုမျိုး မဖြစ်လာနိုင်ဟု သုံးသပ်ထားကြောင်း ၎င်းကဆိုသည်။

 

“ မနှစ်ကတော့ လက်ကျန်နည်းတယ်။ တခါတောင်သူက ထပ်ထွက်လာတဲ့အခါမှာ ဈေးနှုန်းမထိန်းနိုင်ဘူး ဖြစ်ကုန်တာ။ ဒီနှစ်မှာတော့ ဆိုးဆိုးဝါးဝါးကြီး ကျသွားဖို့ မမြင်ဘူး။ ဒါပေမယ့် ဈေးနှုန်းတစ်ခုအောက် ရောက်ရင် လည်း စဝယ်ဖို့ အားလုံးပြင်ဆင်ထားမှာပါ ” ဟု ဦးမင်းကိုဦးက ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ ပဲလက်ကျန်အနေဖြင့် ပဲစင်းငုံ တန်ချိန် ၆ သောင်းဝန်းကျင်နှင့် မတ်ပဲ တန်ချိန် ၁ သိန်း ခွဲခန့် လက်ကျန်ရှိနေပြီး ပဲစင်းငုံနှင့် ပဲတီစိမ်းမှာ ပဲအသစ်များ ပေါ်နေပြီဖြစ်ကာ မတ်ပဲမှာ ယခုလကုန်ပိုင်းတွင် စတင်ပေါ်လာမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံ အစိုးရဘက်မှ မှုဝါဒအပြောင်းအလဲများ မပြုလုပ်မီ ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြည်တွင်းပဲ ဈေးကွက်၌ မတ်ပဲ တစ်တန်လျှင် ကျပ် ခြောက်သိန်းရှစ်သောင်းကျော် ရှိခဲ့ရာမှ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျပ် ငါးသိန်းခုနှစ်သောင်းခန့်ထိ ဈေးကျဆင်းခဲ့ပြီး၊ ပဲစင်းငုံမှာ ကျပ် ခုနှစ်သိန်းခြောက်သောင်းကျော်မှ ခြောက် သိန်းရှစ်သောင်းကျပ်သို့ ဈေးကျဆင်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် မတ်ပဲ တစ်တန်လျှင် ကျပ်ခြောက်သိန်းတစ်သောင်းကျော်ထိ ပြန်တက်လာခဲ့ပြီး ပဲစင်းငုံမှာ ကျပ် ခုနှစ်သိန်းအထိ ပြန်လည်မြင့်တက် လာခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ ဈေးပြန်တက်လာရခြင်းမှာ ပြည်တွင်း၌ ပဲစဉ်းငုံ စိုက်ပျိုးထွက်ရှိမှု နည်းသွားခြင်းနှင့် တစ်ခြား ပြည် ပနိုင်ငံမှ ဝယ်ယူမှု ရှိလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဦးမင်းကိုဦးက ဆိုသည်။

ယခုနှစ်တွင် ပဲစင်းငုံ စိုက်ပျိုးရာတွင် စိုက်ဧက ၂၀၊ ၂၅ ရာခိုင်နှုန်းခန့်သာ အများဆုံး စိုက်ပျိုးသည့်အတွက် တန် ချိန် ငါးသောင်းခန့်သာ ထွက်ရှိနိုင်ပြီး မတ်ပဲမှာ ၈၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားသည့်အတွက် အများဆုံး တန် ချိန် လေးသိန်းကျော်ခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၃ သိန်း ကျော်နှင့် ပဲဇင်းငုံ တန်ချိန် ငါးသောင်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

AMIA


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်