တရုတ်နိုင်ငံကို နာနတ်သီးတင်သွင်းဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဖြေရှင်းပေးစေလို

22/07/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်နိုင်ငံကို နာနတ်သီးတင်သွင်းဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဖြေရှင်းပေးစေလို

နာနတ်သီးကို တရုတ်နိုင်ငံဘက်က ပိတ်ဆို့ခဲ့တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းက နာနတ်စိုက်တောင်သူတွေ    အခက်အခဲဖြစ်နေတာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းပေးစေချင်တယ်လို့ တောင်သူတွေကဆိုပါတယ်။

သီပေါမြို့နယ် နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က “ဒီနှစ်ထဲမှာ    သီးနှံရှစ်မျိုးပေါ့၊  နာနတ်သီးအပါအဝင် တရုတ်၊ စီးပွားကူးသန်းနဲ့တော့ ကျွန်တော်တို့ချိတ်ဆက်ထားတယ်၊ တရားဝင်    တင်ပို့နိုင်ဖို့လုပ်ထားတယ်လို့တော့ ပြောပါတယ်၊ ဒါပေမဲ့ အဲဒါတွေ တရားဝင်ကျလာမှ ကျွန်တော်တို့ရောင်းဝယ် ဖောက်ကားနိုင်မယ်ဆိုရင် ကျွန်တော်တို့ရာသီတွေလဲမမီတော့ဘူး၊ ဆုံးရှုံးမှုတွေကများသွားမယ်”လို့ပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်