မြို့နယ်လေးခုတွင် ဒီရေတောများစိုက်ပျိုးရန် စီစဉ်နေ

13/09/2018 15:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် ဒီရေတောများ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ပြောကြားသည်။ သဘာဝဘေးအန္တရာယ်ထိခိုက်မှုဒဏ်မှ ကာ ကွယ်ရန်အတွက် ကမ်းခြေနဲ့နီးတဲ့ မြို့နယ်လေးမြို့နယ်မှာ နိုင်ငံတော်စီမံချက်အနေနဲ့ ဒီရေတောတွေစိုက်ပျိုးမှာဖြစ်ပါတယ်။

ထိုဒေသတွင် ပုစွန်မွေးကန်များရှိနေသည့်အတွက် ပုဇွန်မွေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ဒီရေတော စိုက်ပျိုးခြင်းဖြင့် ဒေသရှိ ငါး၊ ပုစွန်ကန်များအတွက် မွေးမြူမှုစနစ်ကောင်းမွန်ပြီး အစာအာဟာရများ ပိုမိုရရှိနိုင်မည်ဟု လည်း သိရသည်။ 

ဒီရေတောစိုက်ပျိုးမည်ဖြစ်သော်လည်း ပုဇွန်ကန်များကိုပါ ဆက်လက်မွေး မြူခွင့်ပြုပြီး ၆၀ % ကို ဒီရေတောအဖြစ် စိုက်ပျိုး သွားမည်ဟု သိရသည်။

သစ်တောဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖွဲ့ကာ ပုဇွန်ကန်နှင့် တွဲဖက်ပြီး ဒီရေတောစိုက်ပျိုးရန် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဒီရေတောနှင့် ငါး၊ ပုဇွန်ယှဉ်တွဲမွေးမြူစိုက်ပျိုးသည့်စနစ်ကို ကျင့်သုံးခြင်းဖြင့် သဘာဝဘေးကို ကာကွယ်ရာ ရောက်သလို ငါး၊ ပုဇွန်မွေးမြူရေးကိုမထိခိုက်သဖြင့် ကောင်းမွန်သည့်စနစ်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှုးမှ ပြောကြားခဲ့သည်။

အစိမ်းရောင်လမ်း

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်