ယခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံကို သီးနှံအာမခံစနစ်လုပ်ဆောင်သွားရန် စီစဉ် နေကြောင်း Global World Insurance ကုမ္ပဏီမှသိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအာမခံစနစ် စမ်းသပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာအဖွဲ့နဲ့ ဆွေးနွေးလုပ်ကိုင်သွားမှာဖြစ်ကြောင်း Global World Insurance ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့် ကပြောပါတယ်။
“ အခုက မကွေးမှာ ဆီထွက်သီးနှံလုပ်ဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တွေ့ဖို့ စာတင်ထားတယ်။ နှမ်းဆီတို့ဘာတို့ ထားမရဘူးလားလို့ မေးလာတာတွေရှိတော့ အဲဒါကြောင့် ဆီထွက်သီးနှံနဲ့ပတ်သက်လို့ ဆောင်ရွက်သွားမှာတွေ ဆွေးနွေးသွားမယ်” ယခုနှစ်အတွင်းမှာ ထပ်မံ၍ စပါးသီးနှံအာမခံစနစ်အတွက် ပဲခူးတိုင်းဒေသကြီးမှာ လုပ်ဆောင်သွားရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်းလည်း အဆိုပါကုမ္ပဏီမှသိရပါတယ်။
ယခုနှစ်အတွင်း သီးနှံအာမခံစနစ်အတွက် စပါးကို ဧက (၁၀၀) စီနဲ့ မြို့နယ်သုံးမြို့နယ်မှာ အကောင်အထည်ဖော်နေတာဖြစ်ကြောင်းလည်း Global World Insurance ကုမ္ပဏီမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ