လျှော်ဖြူအများပိုင်ကုမ္ပဏီ တည်ထောင်ရန် စီစဉ်လုပ်ဆောင်သွားမည်

03/07/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့လျှော်ဖြူနဲ့ပတ်သက်၍ အများပိုင်ကုမ္ပဏီတည်ထောင်ရန် ဆွေးနွေးခဲ့ပြီး စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ သိရပါတယ်။

လျှော်ဖြူဈေးကွက်ရရှိရေးနဲ့ လျှော်ဖြူစိုက်တောင်သူများအတွက် ရည်ရွယ်ကာ အများပိုင်ကုမ္ပဏီကို တည်ထောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်ကပြောပါတယ်။

“ အဓိကက လျှော်ဖြူဈေးကွက်ကိုထိန်းချုပ်နိုင်ဖို့ အသင်းသားတွေကလည်း ထောက်ခံရင်တည်ထောင်ဖို့အတွက် စီစဉ်လုပ်ဆောင်သွားမှာပါ။ အသင်းဝင်တဲ့အသင်းသားတွေကနေအစုရှယ်ယာထည့် အဲလိုပုံစံမျိုးနဲ့သွားမှာပါ။ ဈေးကစားတာတွေမရှိစေဖို့နဲ့ တောင်သူတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာပါ”

အသင်းသားများရဲ့သဘောဆန္ဒအတိုင်း လျှော်ဖြူအများပိုင်ကုမ္ပဏီကို အခုနှစ်အတွင်း တည်ထောင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

လျှော်ဖြူပင်ကို  မန္တလေးတိုင်းဒေသကြီ ၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်း မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်